Wongkamlao
2009 ခုနှစ်က ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ ထိုင်းဟာသဘုရင် Mum Jokmok ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအနေနဲ့ပါ ရိုက်ကူးထားတဲ့ ဟာသကားလေးပါပဲ ဇာတ်လမ်းလေးကတော့ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ သခင်လေးပက်ချ်ချရာဝတ်ဟာ တည်ငြိမ်အေးဆေးပြီး စကားနည်းတဲ့ လူတစ်ယောက်ဖြစ်သလို မိသားစုရဲ့ “ဝမ်ကွန်လောင် ရတနာ” လုပ်ငန်းကို တာဝန်ယူထားတဲ့ အမွေဆက်ခံသူလည်း ဖြစ်ပါတယ်။ မိသားစုဝင်အားလုံးအတွက် အားကိုးရတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ဘဝလေးက အေးအေးဆေးဆေးနဲ့ စည်းစနစ်တကျ ဖြတ်သန်းနေခဲ့တာပါ တစ်ဖက်မှာတော့ ပိရမန်က မိသားစုရဲ့ အငယ်ဆုံးသား ဂျူနီယာ ကို အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာမအဖြစ် အိမ်တော်ကြီးကို ဝင်ရောက်လာခဲ့ပါတယ် ပိရမန်က ပက်ချ်လို အေးအေးဆေးဆေးနေတတ်တဲ့သူမဟုတ်ဘဲ ရဲရဲတင်းတင်း၊ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်အမြင်ကို တိုက်ရိုက်ပြောတတ်တဲ့ မိန်းကလေး ဖြစ်ပါတယ် အစပိုင်းမှာ ပက်ချ်က ပိရမန်ရဲ့ အပြုအမူတွေကြောင့် အနည်းငယ်စိတ်ရှုပ်ရပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ထူးခြားတဲ့စရိုက်ကို သဘောကျလာပြီး မသိမသာ ချစ်မိသွားပါတယ် တစ်ချိန်တည်းမှာပဲ မိသားစုဝင်တွေကြားက အထင်လွဲမှုတွေ၊ အချစ်ရေးအရှုပ်အထွေးတွေနဲ့ မိသားစုဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ကြိုးစားလာရတဲ့အခါတော့ အချစ်ရေးနဲ့ မိသားစုအရေးတွေကို ဖြေရှင်းသွားရင်း ပက်ချ်နဲ့ ပိရမန်တို့ရဲ့ ဆက်ဆံရေးကလည်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ... ဒီဇာတ်ကားထဲမှာ ထိုင်းဟာသဘုရင် Mum Jokmokအပြင် နာမည်ကြီး ဟာသ သရုပ်ဆောင်တွေအများကြီးပါတာမို့ ရယ်ရဖို့သာ ပြင်ထားကြပေတော့ပါပဲနော်......
ဇာတ်လမ်းအကြောင်း