ဇာတ်ကားများ ရွေးရန်

Love Slave

2014ဇာတ်ကားအမှတ် 5.0/10112 မိနစ်

မြို့ကြီးပြကြီးမှာ စိန်နဲ့ရွှေနဲ့ တင့်တင့်တယ်တယ် နေထိုင်ရတဲ့ သူ​ဌေးသမီးလေး "အုအီး" တစ်ယောက် နိုးလာတဲ့အခါမှာတော့ ပင်လယ်ပြင်ထက်က လှေတစ်စင်းပေါ်မှာ ပြန်ပေးဆွဲခံထားရမှန်း သိလိုက်ရပါတယ် ​သူ့ကို ပြန်ပေးဆွဲသွားတဲ့သူကတော့ ပင်လယ်ကျွန်းတစ်ကျွန်းရဲ့ ပိုင်ရှင်ဖြစ်ပြီး အတိတ်က နာကြည်းချက်တွေနဲ့ နစ်မွန်းနေတဲ့ "သူဌေးဖိန်း" ဆိုတဲ့လူပါပဲ သူ​ဌေးဖိန်းဟာ အတိတ်က သူ့အစ်မ သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် အုအီးရဲ့ မိသားစုပေါ် အကောက်ကြံ လက်စားချေဖို့ သူ့ကျွန်းဆီ ခေါ်လာပြီး ကျွန်းပေါ်မှာ "ကျေးကျွန်" လို နှိပ်စက်ပါတော့တယ် ​ဒါပေမဲ့ ပြဿနာက အဲဒီမှာ မပြီးသေးဘဲ သူဌေးဖိန်းရဲ့ ရည်းစားဟောင်း​ဒေါ့​​အော့နဲ့ ဂျက်စကီးကပါ အုအီးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးကြပြန်ပါတယ် ​မုန်းတီးမှုတွေ၊ လက်စားချေချင်စိတ်တွေကြားထဲမှာ "ပါးရိုက်လိုက်၊ နမ်းလိုက်"၊ "ဆဲဆိုလိုက်၊ သံယောဇဉ်တွယ်လိုက်" နဲ့ ရုန်းကန်ရတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ဘယ်လိုအဆုံးသတ်မလဲ အတ္တတွေနဲ့ ရန်ငြိုးတွေကို ကျော်လွှားပြီး ချစ်ခြင်းတရားဆီ ရောက်ရှိသွားမလား....... အချစ်နဲ့ ဆန္ဒကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးသွားအောင် ထိန်းထားနိုင်မလားဆိုတာ… ထိုင်းနာမည်ကြီး ဟာသမင်းသားကြီး Mum Jokmok ရဲ့ ဟာသအကွက်​တွေနဲ့အတူ ထိုင်းဒရာမာဇာတ်လမ်းတွဲတွေရဲ့ "Slap-Kiss" (အနာပေးလိုက်ဆေးပေးလိုက်) ပုံစံကို ဟာသအနေနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း