ဇာတ်ကားများ ရွေးရန်

The Kick

2011ဇာတ်ကားအမှတ် 5.1/10100 မိနစ်

ထိုင်းနိုင်ငံမှာ အခြေချ​နေထိုင်နေတဲ့ ကိုရီးယား သိုင်းပညာရှင် မိသားစုတစ်စုဟာ တိုက်ကွမ်ဒို သင်တန်းကျောင်း ဖွင့်လှစ်ထားရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ သားကြီး"ထယ်ယန်း"ကို တိုက်ကွမ်ဒိုချန်ပီယံဖြစ်စေချင်ခဲ့ပေမဲ့ ထယ်ယန်းကတော့ သိုင်းကန်ချက်တွေထက် K-Pop အကကို ပိုပြီး ရူးသွပ်နေသူ ဖြစ်နေတာက မိသားစုကြားထဲမှာ အမြဲတမ်း ပြဿနာ တက်စရာ ဖြစ်နေခဲ့ပါတယ် ​တစ်နေ့မှာတော့ ထိုင်းနိုင်ငံရဲ့ အဖိုးတန် ရှေးဟောင်းရတနာဖြစ်တဲ့ " ခရိစ်ဓားမြှောင်" ကို ခိုးယူဖို့ ကြိုးစားနေတဲ့ မာဖီးယားဂိုဏ်းနဲ့ သူတို့မိသားစု မတော်တဆ တွေ့မိသွားခဲ့ပါတယ် ကိုရီးယားမိသားစုရဲ့ ကျွမ်းကျင်တဲ့ တိုက်ကွမ်ဒို သိုင်းကွက်တွေကြောင့် မာဖီးယားတွေရဲ့ အစီအစဉ် ပျက်စီးသွားပြီး ဓားမြှောင်ကို ပြန်လည်လုယူနိုင်ခဲ့ပေမဲ့ အဲဒီကိစ္စကြောင့် မာဖီးယားဂိုဏ်းရဲ့ လက်စားချေပစ်မှတ် ဖြစ်လာခဲ့ပါတယ် သာမန်မိသားစုဘဝကနေ ရုတ်တရက် အန္တရာယ်ရှိလာပြီး လိုက်လံတိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်လာတဲ့အခါ သူတို့ရဲ့ တိုက်ကွမ်ဒိုသိုင်းကွက်တွေက သူတို့ဘဝကို ကယ်တင်နိုင်ပါ့မလား..... ​မွေထိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး မာဖီးယားဂိုဏ်းရဲ့ ရန်ကနေ မိသားစုနဲ့ ရှေးဟောင်းရတနာကို ဘယ်လို ကာကွယ်သွားမလဲဆိုတာ...... ​အက်ရှင်နဲ့ သိုင်းကွက် အမိုက်စားတွေကို ပေါ့ပေါ့ပါးပါး ခံစားချင်သူများအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ Martial Arts ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း