Hoodwinked!
အန်နီမေးရှင်း ဇာတ်ကားကောင်းတွေကို အမြဲစောင့်မျှော်အားပေးနေတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့တော့ ကလေးပုံပြင်လေးကို ရာဇဝတ်မှု စုံထောက်ဇာတ်လမ်းပုံစံမျိုးနဲ့ အမိုက်စား ပြောင်းလဲရိုက်ကူးထားတဲ့ ၂၀၀၅ ခုနှစ်က အန်နီမေးရှင်း ဇာတ်ကားဟောင်းလေး "Hoodwinked!" လာပါပြီ။ ဇာတ်လမ်းကတော့ လူတိုင်းသိကြတဲ့ "ခေါင်းဆောင်းနီလေးနဲ့ ဝံပုလွေ" (Little Red Riding Hood) ပုံပြင်ကို အခြေခံထားတာပါ။ ဒါပေမယ့် ဒီကားထဲမှာက အဖွားအိမ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်ရုတ်သဲသဲ ပြဿနာတစ်ခုကို ရဲတွေက လာရောက်စစ်ဆေးတဲ့ (Police Investigation) ပုံစံမျိုးနဲ့ စတင်ထားပါတယ်။ သံသယတရားခံ ၄ ယောက်ဖြစ်တဲ့ ခေါင်းဆောင်းနီလေး (Red)၊ အဖွား (Granny)၊ ဝံပုလွေ (Wolf) နဲ့ သစ်ခုတ်သမား (Woodsman) တို့ကို ရဲတွေက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတဲ့အခါ၊ သူတို့ ၄ ယောက်လုံးက အဖြစ်အပျက် တစ်ခုတည်းကိုပဲ ကိုယ့်ရှုထောင့်နဲ့ကိုယ် မတူညီတဲ့ ဇာတ်ကြောင်းတွေ ပြန်ပြောပြကြရာကနေ တကယ့်တရားခံ အစစ်က ဘယ်သူလဲ၊ အဖွားအိမ်မှာ တကယ်ရော ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကို ဟာသနှောပြီး ရှာဖွေရမယ့် ဇာတ်ကားပါ။ သာမန် ကလေးပုံပြင်ကို ရဲစုံထောက်ဇာတ်လမ်း (Whodunit) ပုံစံ ပြောင်းလိုက်တာက အရမ်းကို ဉာဏ်ကောင်းပါတယ်။ ဇာတ်ကောင် ၄ ယောက်ရဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ ပြန်ပြောပြတဲ့အခါ ဇာတ်လမ်းက ပိုပိုပြီး ရယ်ရသလို၊ အဆုံးသတ်မှာ အချိတ်အဆက်တွေ အားလုံးမိသွားတာက တကယ့်ကို အမိုက်စား ဇာတ်ညွှန်းဖန်တီးမှုပါပဲ။ Hoodwinked!" ဟာ ရုပ်ထွက်သိပ်မလှပေမယ့် ဇာတ်လမ်းဇာတ်ကွက် အချိတ်အဆက်နဲ့ ဟာသမြောက်မှုမှာတော့ Masterpiece လို့ ပြောလို့ရတဲ့ အန်နီမေးရှင်းကားကောင်း တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့အတူတူ အပန်းဖြေရင်း အားရပါးရ ရယ်မောချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို လက်မလွတ်ဖို့ အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။ File size… 2.8 GB / 1.15 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 21m Genre ..... Animation, Comedy, Family Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း