ဇာတ်ကားများ ရွေးရန်

Libang Libu

2026ဇာတ်ကားအမှတ် 8.5/10107 မိနစ်

Libang Libu (2026) IMDb Rating (6.8) ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ဟာ ပေရက်ခ်ရွာလေးကို ရိုက်ကူးရေးလာလုပ်ကြပါတယ်။ အဲ့ဒီမှာ နာမည်ကျော်မင်းသားတစ်ယောက်ပါလာလို့ရွာသူတွေက သဘောကျကြပေမယ့် အယူသည်းသူတစ်ချို့ကတော့ အကုသိုလ်အလုပ်တွေဆိုပြီး ဘဝင်မကျကြပါဘူး။ သူတို့အဖွဲ့ကိုဦးဆောင် အာမခံခေါ်လာတာကတော့ ရွာခံလောင်းကစားသမား လူရှုပ်တစ်ယောက်ဖြစ်ပြီးအကြွေးပတ်လည်ဝိုင်းနေတာပါ။ ရုပ်ရှင်အဖွဲ့ထဲကခေါင်းဆောင်မင်းသားကလည်း သူ့ကိုယ်သူနွဲ့နေတာ သိပေမယ့်လက်မခံနိုင်လို့စိတ်ထဲမှာ ပဋိပက္ခဖြစ်နေတဲ့သူပါ။ သူတို့ရိုက်ကူးရေးလုပ်မယ့် အိမ်မှာလည်းမင်္ဂလာဆောင်တစ်ခုရှိနေပြီးအဲ့ဒီမင်္ဂလာပွဲကို မလိုလားတဲ့သူတွေလည်းရှိနေပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ရွာထဲမှာ ကမောက်ကမဖြစ်ရပ်တွေဖြစ်လာပြီးအချင်းချင်း လက်ညှိုးထိုးပုံချပြီးဇာတ်တွေရှုပ်ပြဿနာတွေတက်ကြပါတော့တယ်။ ဇာတ်ကြောင်းအရရှုပ်တယ်လို့ထင်ရပေမယ့်တင်ဆက်ပုံကောင်းတဲ့အတွက် ထိုင်ရာမထစီးမျောလို့ရမယ့်ကားမျိုးပါ။ လူ့လောကထဲက ဖြစ်လေ့ဖြစ်ထရှိတဲ့ စရိုက်အထွေထွေ လူတွေရဲ့သဘောတွေကိုဟာသနှောပြီးတင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ကောင်းမယ့် ဇာတ်ကားလေးပါပဲ။ File size… (1.5 GB) / (980 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:47:28 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း