ဇာတ်ကားများ ရွေးရန်

Love Punch!

2026ဇာတ်ကားအမှတ် 8.7/10102 မိနစ်

Love Punch (2026) နာမည်ကြီးမန်ဂါကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပြီးတော့ ဂျပန်အိုင်ဒေါလ်အဖွဲ့ Bullet Train မှ Aloha Takamatsu နဲ့ M!LK မှ Jyutaro Yamanaka တို့နှစ်ယောက်က ခေါင်းဆောင်မင်းသားတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Youth Action Romance (BL) ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဘီနီအထက်တန်းကျောင်းရဲ့ ကျောင်းသားခေါင်းဆောင် ကာမဲအိ မာဒိုကာဟာ ရန်ပွဲတွေတိုင်းမှာ တစ်ခါမှ မရှုံးဖူးသူတစ်ယောက်ပါ။ လူအများရဲ့ ချစ်ခင်နှစ်သက်မှုကိုလည်း ခံရသူတစ်ယောက်ပေါ့။ မာဒိုကာဟာ အတိတ်က ဖြစ်ရပ်တစ်ခုကြောင့် "ဘယ်တော့မှ ရန်မဖြစ်တော့ဘူး အချစ်ရေးကိုလည်း စိတ်မဝင်စားတော့ဘူး" ဆိုပြီး အေးအေးဆေးဆေး နေနေသူပါ။ မာဒိုကာတို့ရဲ့ ရန်ဖက်ကျောင်းဖြစ်ပေမဲ့ စစ်ပြေငြိမ်းထားတဲ့ ရှီရိုအိဝအထက်တန်းကျောင်းရဲ့ခေါင်းဆောင် ဆာတို မီဆူရုတစ်ယောက် မာဒိုကာတို့ အဘွားရဲ့မုန့်ဆိုင်အပေါ်ထပ်မှာ အဆောင်လာနေရာကနေ သူတို့နှစ်ယောက်တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ ရန်ဖက်ဖြစ်တဲ့ ကျောင်းတွေရဲ့ ခေါင်းဆောင်နှစ်ယောက် တစ်အိမ်တည်းအတူတူနေထိုင်ရင်းနဲ့ ရန်ဖက်ကနေ ဘယ်လိုအချစ်တွေ ပေါက်ပွားလာမလဲ...... မာဒိုကာရဲ့ အတိတ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ ......... မီဆူရုတစ်ယောက်ကရော ဘာလို့ မာဒိုကာတို့အိမ်မှာမှ လာပြီးနေရသလဲ .....ဆိုတာတွေကို မင်းသားချောလေးနှစ်ယောက်ရဲ့ Chemistry ပြင်းပြင်း သရုပ်ဆောင်ချက်တွေနဲ့အတူ ရင်ခုန်ဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.63GB / 707MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 42 min. Genre ….. Action, Romance, Youth Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း