ဇာတ်ကားများ ရွေးရန်

House of Ka

2026ဇာတ်ကားအမှတ် 4.8/1087 မိနစ်

House of Ka (2026) IMDb Rating (4.8) ၁၉ ရာစု ဝိတိုရိယခေတ် အထက်တန်းလွှာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မာဂရက်ဟာ သူ့ဖခင်ရုတ်တရက် ကျန်းမာရေးထဖောက်ပြီး အိပ်ယာထဲ လဲချိန်မှာတော့ သူ့ကို ပိုးနေတဲ့ ရှေ့နေဖြစ်သူမယ်လ်ကွမ်ကိုအကူအညီတောင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အဖေရဲ့ရောဂါလက္ခဏာက ထူးခြားလွန်းနေပြီး ခန္ဓာကိုယ်က သွေးတွေ မည်းနက်သွားတာမျိုး၊ အမျိုးအမည်မသိတိုင်းတစ်ပါးစကားတွေ သတိလစ်နေရင်းယောင်ယမ်းတာမျိုးတွေ ရှိလာတဲ့အပြင် သူကိုယ်တိုင်လည်း အိမ်ထဲမှာ ထူးခြားတဲ့ အရိပ်အယောင်တွေအသံတွေကြားလာရချိန်မှာတော့ သူ့အဖေဖြစ်နေတာ သာမန်မကျန်းမာမှုမျိုး ဟုတ်ပါ့မလား ဆိုတဲ့အချက်ကို တွေးမိစရာဖြစ်လာပါတော့တယ်။ ဒီကိစ္စကို သဘာ၀လွန်လို့မယူဆသလို သူ့စကားတွေကိုလည်းမယုံကြည်တဲ့ မယ်လ်ကွမ်နဲ့စုံထောက်ဖြစ်သူတို့ကြား မာဂရက်တစ်ယောက် ဒီဖြစ်ရပ်ဆန်းကို ဘယ်လိုအဖြေရှာမလဲ ဆက်လက်ရှုစားကြပါ။ HP Lovecraft ရဲ့၀တ္ထုတစ်ပုဒ်ကိုပုံဖော်ထားသလို (Lovecraftian Horror / Cosmic Horror) ပုံစံနဲ့တင်ဆက်ထားတဲ့ ဂေါ့သစ်ဟော်ရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (790 MB) / (430 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery,Thriller Duration…. 01:27:55 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း