Haunted Universities
မွေက ဆေးရုံကားနဲ့အတူ လိုက်ပါပြီး အမှုအခင်းတွေက လူနာတွေကို ကယ်ဆယ်ပေးနေတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့မှာ တခြားသူတွေနဲ့မတူတဲ့ အစွမ်းတစ်ခုလည်း ရှိတယ်။ သရဲတွေကို မြင်နိုင်သလို ဆက်သွယ်နိုင်တာပါ။ တစ်ည ကယ်ဆယ်ရေးလိုက်လုပ်ရင်း ကြုံရတဲ့ လူသေမှုတွေရဲ့ နောက်ကွယ်မှာ သရဲပုံပြင်တွေ ရှိနေပါတယ်။ အမျိုးသမီးသန့်စင်ခန်းထဲက သရဲမ၊ ဒီမိုကရေစီအတွက် အသက်ပေးခဲ့ကြပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ ကျောင်းသားတွေ၊ သရဲကြောက်ပေမယ့် ဆရာဝန်ဖြစ်ချင်လို့ ရင်ခွဲရုံမှာ တစ်ညတာ တာဝန်ယူခဲ့တဲ့ ကျောင်းသားလေးတို့ရဲ့ အကြောင်းတွေကို ဆက်တိုက်တင်ဆက်ထားတယ်။ အဲဒီဖြစ်ရပ်တွေကြားမှာ မွေ အမြဲဖုန်းပြောနေတဲ့ သူငယ်ချင်းက ဘယ်သူလဲ၊ သူကိုယ်တိုင်ကရော ဘယ်အချိန်ကစပြီး သရဲတွေကို မြင်နိုင်ဆက်သွယ်နိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ မွေအဖြစ် Panward Hemmanee၊ နုတ်နွိုင်အဖြစ် Noocha Ashiraya နဲ့ ဆာအဖြစ် Anna Reese တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း