Firstborn
Firstborn (2025) ဒါရိုက်တာ Mara Fondacaro ရိုက်ကူးထားတဲ့ ဒီအီတလီရုပ်ရှင်ဟာ မိခင်ဖြစ်မှုဆိုင်ရာကြောက်ရွံ့မှုနဲ့ သားသမီးဆုံးရှုံးခဲ့ရတဲ့စိတ်ဒဏ်ရာတွေကို အခြေခံထားတဲ့ Italian Psychological Horror / Dramatic Thriller ကားလေး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အီတလီမှာ ရုံတင်ပြသခဲ့တာပါ။ Ada နဲ့ သူ့ခင်ပွန်း Rino တို့ဟာ သဘာဝတောတောင်တွေ ဝန်းရံထားတဲ့ သီးခြားဗီလာအိမ်ကြီးဆီ ပြောင်းရွှေ့လာကြပြီး ဒုတိယမြောက် ရင်သွေးလေးကို မွေးဖွားဖို့ ပြင်ဆင်ကြပါတယ်။ မွေးဖွားခါနီးအချိန် ရောက်လာတာနဲ့အမျှ Ada ထံမှာ အတိတ်က ဆုံးရှုံးသွားခဲ့ရတဲ့ သားဦးလေးအတွက် ဝမ်းနည်းပူဆွေးမှုတွေ ပြန်လည်ထကြွလာပါတယ်။ အဆိုးဆုံးကတော့ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ သားဦးလေးဟာ နောက်ထပ် မွေးဖွားလာမယ့် ညီလေး/ညီမလေးကို မမွေးဖွားနိုင်အောင် တားဆီးဖို့ ငရဲဘုံကနေ ပြန်လည်ရောက်ရှိလာတယ်လို့ Ada က စတင် ယုံကြည်စွဲလန်းလာခဲ့ပါတယ်။ မွေးဖွားခါနီးအချိန်နီးကပ်လာချိန်မှာ အိမ်ကြီးထဲမှာ ကြောက်စရာဖြစ်ရပ်တွေကို ဖြတ်သန်းရရင်း ဒါဟာ Ada ရဲ့ စိတ်ဝေဒနာနဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ ကယောင်ကယမ်းတွေလား ဒါမှမဟုတ် တကယ်ပဲ သေဆုံးသွားတဲ့ကလေးရဲ့ တစ္ဆေဆိုးက ခြောက်လှန့်နေတာလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ အဓိကမင်းသမီး Benedetta Cimatti ရဲ့ သရုပ်ဆောင်ချက်နဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို စိတ္တဇဆန်ဆန်ရိုက်ပြနိုင်မှုအတွက် အီတလီရုပ်ရှင်ဝေဖန်ရေးသမားတွေဆီက သုံးသပ်ချက်ကောင်းကောင်း ရရှိထားပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ မိခင်နဲ့ ကလေးမွေးဖွားမှုဆိုင်ရာ စိတ္တဇခြောက်လှန့်မှုတွေနဲ့ အကြမ်းဖက်အခန်းတွေပါဝင်လို့ အသက် ၁၆ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Goody Goody ၊ The Babadook ဒါမှမဟုတ် Hereditary လိုမျိုး မိခင်ဖြစ်မှုနဲ့ စိတ်ဒဏ်ရာကို အခြေခံထားတဲ့ Psychological / Maternal Horror ကားဆန်းတွေ ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။ File Size - 690 MB/ 277 MB Quality - WEB-DL 1080p/ 720p Duration - 1h 31m Format - mp4 Genre - Drama, Horror Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း