ဇာတ်ကားများ ရွေးရန်

Johnny Keep Walking!

2023ဇာတ်ကားအမှတ် 7.3/10117 မိနစ်

တရုတ်နိုင်ငံရဲ့ရုံးလုပ်ငန်းခွင်ယဉ်ကျေးမှုကို ပြောင်ပြောင်မြောက်မြောက်ပုံဖော်ပြသထားလို့ တရုတ်တစ်နိုင်ငံလုံးမှာ ရေပန်းစားခဲ့တဲ့ ရုံးလုပ်ငန်းခွင်အလွဲအမှားတွေနဲ့ ဟာသဒရာမာ ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ စက်ရုံငယ်လေးမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိနဲ့ အလုပ်လုပ်လာတဲ့ ရိုးသားဖြောင့်မတ်တဲ့ စံပြစက်ရုံဝန်ထမ်း ဟူကျန့်လင်တစ်ယောက်...... မထင်မှတ်ပဲ ရုံးချုပ်ဆီကို ရာထူးပြောင်းရွှေ့ဖို့ အမိန့်စာရောက်လာပါတယ်။ နှစ်စဉ်ထူးချွန်ဝန်ထမ်းဆုရခဲ့တဲ့သူ့ကို ကုမ္ပဏီကအသိအမှတ်ပြုလို့ ရာထူး တိုးပေးတာလို့ ကြည်နူးစွာထင်ခဲ့ပေမယ့် တကယ်တော့ ကုမ္ပဏီအတွင်းလာဘ်စားသူတွေ နောက်ကွယ်ကနေလူမှားခေါ်မိတဲ့ အလွဲကြီးဖြစ်နေတာပါပဲ။ HRဌာနက ဝန်ထမ်းဖြစ်တဲ့ မာကျဲကဒီအမှားကိုသိသွားပေမယ့် သူအလုပ်ပြုတ်မှာစိုးတာကြောင့် အမှန်တရားကိုဖုံးထားပြီးတော့ ဟူကျန့်လင်ကို ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင် နည်းမျိုးစုံသင်ပေးပါတော့တယ်။ ထူးဆန်းတာကတော့ ဟူကျန့်လင်ရဲ့စက်ရုံဝန်ထမ်းဟန်ပန်နဲ့ ပဟေဠိဆန်တဲ့ ရောက်ရှိလာမှုဟာ ရုံးချုပ်တစ်ခုလုံးရဲ့ အရာရှိကြီးတွေကြားမှာ အခွင့်အာဏာကြီးမားတဲ့သူတစ်ယောက်အဖြစ်ထင်မှတ်သွားကြပြီး သူ့ရဲ့ရာထူးကိုလဲအဆင့်ဆင့်တိုးမြှင့်ပေးကြပါတယ်။ တစ်ချိန်ထဲမှာပဲ ကုမ္ပဏီတစ်ခုလုံးဟာ ဝန်ထမ်းအင်အား အမြောက်အများလျှော့ချရေးစီမံကိန်းလှိုင်းကြီးရဲ့ရိုက်ခတ်မှုတွေကို ခံနေရပြီး ခမ်းနားလှတဲ့ကုမ္ပဏီနှစ်ပတ်လည်ပွဲကြီးလဲ ကျင်းပဖို့နီးကပ်လာပါတယ်။ အလွဲအမှားတွေရဲ့ဗဟိုချက်မှာရောက်နေတဲ့ ဟူကျန့်လင်တစ်ယောက် မသမာသူတွေရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး နှစ်ပတ်လည်ပွဲကြီးမှာ အမှန်တရားအတွက် ဘယ်လိုတိုက်ပွဲဝင်သွားမလဲဆိုတာကို ဟာသမြောက်စွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Filesize : 1.51 GB / 867 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Comedy Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း