ဇာတ်ကားများ ရွေးရန်

Last the Night

2022ဇာတ်ကားအမှတ် 5.4/1087 မိနစ်

သမိုင်းဆရာတစ်ယောက်ဟာ အိမ်ထောင်ကွဲပြီးနောက် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။ အလုပ်ကို စိတ်မပါပေမယ့် တခြားရွေးစရာလည်း မရှိဘူး။ တခြားလူနဲ့ရှိနေပြီဖြစ်တဲ့ ဇနီးဟောင်းကို ပြန်လွမ်းမိတဲ့ညတွေ ရှိသလို သူချစ်တဲ့ သမီးလေးကိုလည်း အုပ်ထိန်းခွင့် မရထားပါဘူး။ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းတွေ၊ အလုပ်တွေ ပိတ်ပြီး နေရာအနှံ့ ခြောက်ကပ်နေချိန်မှာ ကျောင်းသားတစ်စုကလည်း အိမ်မှာနေရတာ ပျင်းနေကြတယ်။ သူတို့က Zoom မှာ တွေ့ဆုံရင်း သမိုင်းဆရာအကြောင်း အတင်းပြောပြီး အပျင်းဖြေနေကြပါတယ်။ အဲဒီကနေ အတူပျော်စရာတစ်ခု လုပ်ဖို့ စိတ်ကူးရသွားကြပေမယ့် သူတို့ရဲ့ အပျော်က အပျက်ဘက်ကို ဦးတည်သွားပါတော့တယ်။ ၂၀၂၂ ခုနှစ်ထွက် ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး ကိုယ့်အမြင်မှာ တရားမျှတတယ်လို့ ယူဆတဲ့အရာက တခြားသူတွေအတွက် အဲဒီလိုမဟုတ်နိုင်တဲ့အကြောင်းကို ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းအကြောင်း