ဇာတ်ကားများ ရွေးရန်

Once Upon A Time

2026ဇာတ်ကားအမှတ် 5.8/10115 မိနစ်

“တစ်ခါတစ်လေ ပြန်မရနိုင်တော့တဲ့ အချိန်တွေကို ဒဏ်ရာတွေက နှစ်သိမ့်ပေးလေ့ရှိပါတယ်…”ဒီနေ့မှာတော့ ရူပါပိုင်းမှာ ထူးထူးခြားခြား မလှပပေမယ့် ဇာတ်အိမ်နဲ့ ဇာတ်လမ်းပိုင်းမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ Once Upon A Time ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ချန်ထောင်း ဆိုတဲ့ စာအုပ်ဖတ်ရတာကို ရူးသွပ်တဲ့ သာမန်လူငယ်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ စာအုပ်ဆိုင် ပိတ်သိမ်းသွားတာကြောင့် အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ အသက် ၃၀ ကျော် လူငယ်တစ်ယောက်ဖြစ်ပေမယ့်… သူ့ဘဝမှာ သာမန်လူတွေနဲ့ မတူတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ပါတယ်။ စာအုပ်တွေကို အလွန်အမင်း စွဲလမ်းသူတစ်ယောက်ဖြစ်တဲ့ ချန်ထောင်းဟာ သူဖတ်နေတဲ့ စာအုပ်ထဲကို စိတ်ကူးယဉ်ကမ္ဘာတစ်ခုအဖြစ် ဝင်ရောက်သွားနိုင်တဲ့ ထူးခြားတဲ့ စွမ်းအား တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်နေခဲ့တာပါ။အလုပ်လက်မဲ့ဖြစ်ပြီးနောက် ဘဝမှာ အလွယ်တကူရနိုင်မယ့် အမွေတစ်ခုခုကို တမ်းတမိတဲ့ ချန်ထောင်းဟာ သူ့အဖေက သူ့အသက် ၃၀ ပြည့်တဲ့အချိန်မှာ ဖတ်ဖို့ ချန်ထားခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေး တစ်အုပ်ကို မမျှော်လင့်ဘဲ ဖတ်မိသွားပါတယ်။ အဲဒီစာအုပ်ထဲကို ဝင်ရောက်သွားတဲ့အခါမှာတော့… အထက်တန်းကျောင်းစာမေးပွဲမတိုင်ခင်ကတည်းက ဆုံးပါးသွားခဲ့တဲ့ သူ့အဖေနဲ့ တစ်ဖန်ပြန်လည်တွေ့ဆုံခွင့် ရလာခဲ့ပါတယ်။ နှစ်တွေကြာပြီးမှ ပြန်တွေ့ရတဲ့ အဖေကို သူမေးချင်ခဲ့တာတွေ မေးရင်း၊ ပြောချင်ခဲ့တာတွေ ပြောရင်းနဲ့… သူ့ဘဝမှာ နောင်တရခဲ့ရတဲ့ အရာတချို့ကို ပြန်လည်ပြောင်းလဲနိုင်မလားဆိုတဲ့ အတွေးတွေ ဝင်လာခဲ့ပါတယ်။အဖေ့ဆီက ရရှိလာတဲ့ အဖြေတချို့ကြောင့် ချန်ထောင်းဟာ သူ့ဘဝကို တစ်ချိုးကွေ့ ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် အတိတ်ကို ပြောင်းလဲလိုက်တိုင်း အရာအားလုံးက သူမျှော်လင့်ထားသလို ဖြစ်လာမှာတော့ မဟုတ်ပါဘူး…အတိတ်ကို ပြန်ပြင်နိုင်ခဲ့ရင်… လက်ရှိဘဝမှာ ပျောက်ဆုံးသွားခဲ့တဲ့ အရာတွေ အားလုံးကို ပြန်ရနိုင်မလား? ဘာတွေဆက်ဖြစ်မလဲ၊ ချန်ထောင်းရဲ့ ရွေးချယ်မှုတွေက သူ့ဘဝကို ဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကိုတော့ ဇာတ်လမ်းရဲ့ အဓိကအရသာပျက်သွားမှာစိုးလို့ ဒီမှာပဲ ရပ်ထားလိုက်ပါမယ်။ သေချာတာတစ်ခုကတော့… ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းပိုင်းကို မျက်ရည်မကျဘဲ ကြည့်နိုင်ဖို့ဆိုတာ တော်တော်လေး ခက်ပါလိမ့်မယ်။ “ငါ မငိုဘူးဆိုတာ သေချာတယ်…” ဆိုတဲ့သူတွေရှိရင်တော့ ကိုယ်တိုင်ကြည့်ပြီး စိန်ခေါ်ကြည့်လိုက်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်… Filesize : 1.44 GB / 848 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy and Drama Runtime : 1h 55 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း