ဇာတ်ကားများ ရွေးရန်

Norton Creek Massacre

2026ဇာတ်ကားအမှတ် 5.0/1071 မိနစ်

Norton Creek Massacre (2026) ဒါကတော့ သာမန်လူတစ်ယောက်က ဇာတ်လမ်းတွေထဲကလို ကွင်းဆက်လူသတ်သမားဖြစ်ချင်တဲ့ အိပ်မက်ရှိပြီး မရည်ရွယ်ဘဲ သွေးစုပ်ဖုတ်ကောင်တွေနဲ့ စစ်ပွဲစမိတဲ့ ဟာသ horror ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ အမည်မဲ့ ဇာ‌တ်လိုက်က သူငယ်ချင်းမရှိတဲ့ အူကြောင်ကြောင် တစ်ယောက်တည်းသမားပါ။ သူက horror ကားတွေ ကြည့်ပါများပြီး ကွင်းဆက်လူသတ်သမားဖြစ်ချင်တဲ့ အိပ်မက်ရှိလာပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူ Dron ကတော့ လူကောင်ထွားပြီး ကြောက်ဖို့ကောင်းတဲ့ ရုပ်ရည်ရှိပြီးတော့ တိုက်ခိုက်ရတဲ့အလုပ်တွေကို အကုန်လုပ်ပေးတဲ့သူပါ။ အဲဒီတစ်ကောင်ကြွက်သမားက ကြောက်ဖို့ကောင်းတဲ့ လူဆိုးကြီးလုပ်ချင်ပေမယ့် ထိုအလုပ်ကို ကိုယ်တိုင်လုပ်ဖို့ မသန်မာတာမို့ သူ့ရဲ့သူငယ်ချင်း Dron ကို ဘာလုပ်ရမယ်ဆိုတာတွေ ခိုင်းပြီး နှစ်ယောက်သား နယ်ခံမြို့သူမြို့သားတွေကို ခြောက်လှန့်ဖို့ တောအုပ်ထဲမှာ ကြီးစိုးနေကြပါတော့တယ်။ သူတို့တွေ ပြဿနာရှာနေကြတုန်း အဲဒီတောအုပ်ကိုပဲ ခရီးသွားပြီးဖြတ်လာကြတဲ့ လူသားစားဖို့ ဆာလောင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်အဖွဲ့နဲ့ တိုးခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ကောင်ကြွက်သမားနဲ့ Dron တို့က ထွက်ပြေးမယ့်အစား သူတို့ရဲ့တောအုပ်ကို ကာကွယ်ဖို့အတွက် သွေးစုပ်ဖုတ်ကောင်တွေကို တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီ။ File size… (2.8 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:15:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း