ဇာတ်ကားများ ရွေးရန်

The Devil’s Trap

2024ဇာတ်ကားအမှတ် 7.3/1090 မိနစ်

The Devil’s Trap (2024) IMDb Rating (4.7) ခါးရိုးကင်ဆာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းအကြောသေသွားတဲ့ အသက် ၂၀ အရွယ်လူငယ်လေး ဘီလီဟာညီမဖြစ်သူ အဘီဂဲလ်ရဲ့ပြုစုမှုနဲ့အတူဆေးရုံကြီးတစ်ခုမှာ ကုသမှုခံယူနေသူပါ။ ဘီလီဟာ နှိပ်စက်တတ်တဲ့ဖခင်နဲ့ကြီးပြင်းခဲ့တဲ့ ငယ်ဘ၀စိတ်ဒဏ်ရာတွေကြောင့် အိမ်မက်ဆိုးတွေမကြာခဏလည်းမြင်မက်တတ်ပါသေးတယ်။ သူတို့မောင်နှမနဲ့တစ်ခန်းတည်းကျသူကတော့ သေခါနီးဖြစ်နေတဲ့ စတီဗင်ကိုဟန်ဆိုတဲ့ အဘိုးကြီးတစ်ဦးဖြစ်ပြီးသူဟာ သူတို့မောင်နှမရဲ့အတိတ်ဖြစ်ရပ်ဆိုးတွေကို အားလုံးသိနေတဲ့လူထူးလူဆန်းကြီးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီအဘိုးကြီးရဲ့အကူအညီတောင်းမှုနဲ့ အဘီဂဲလ်က ဖာသာဂတ်စ်တတ်ဆိုတဲ့ ဘုန်းတော်ကြီးကိုဆေးရုံကို ပင့်ဖိတ်ပြီးနောက်ပိုင်းမှာတော့ ကြောက်စရာနတ်ဆိုးတစ်ကောင်ရောက်ရှိလာခဲ့ပြီး ဆေးရုံစင်္ကြန်တွေမှာဝန်ထမ်းတွေနဲ့တစ်ကွ သူတို့မောင်နှမနှစ်ယောက်ကိုပါ ရက်စက်စွာခြောက်လန့်လှည့်စားပြီး ဝိဉာဉ်နူတ်ဖို့ကြိုးစားပါတော့တယ်။ The Devil’s Trap ကဇာတ်လမ်းရိုးရှင်းသလိုထင်ရပေမယ့် အဆုံးသတ်လှည့်ကွက်ကောင်းမွန်ပြီး သရုပ်ဆောင်တွေလည်း အပြစ်ဆိုစရာမရှိသလို Jump scare နဲ့ခြောက်ခြားဖွယ်ရာဂီတကို မျှမျှတတ သုံးထားတဲ့ ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (700 MB) / (470 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:26:06 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း