The Wash
"ရှောင်" နဲ့ "ဒီလော့ခ်"တို့က တစ်အိမ်တည်းအတူတူနေကြပြီး အိမ်ငှားခမပေးနိုင်ဘဲ ဒုက္ခရောက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ နှစ်ယောက်စလုံးက ကိုယ့်ဘဝကိုယ် အဆင်ပြေအောင် ကြိုးစားနေကြပေမယ့် အလုပ်၊ ငွေကြေးနဲ့ နေ့စဉ်ဘဝပြဿနာတွေကြားမှာ အလွဲအချော်လေးတွေက အမြဲလိုလို ဖြစ်နေပြန်ပါတယ် အိမ်ငှားခမပေးနိုင်တဲ့အပြင် အကြွေးတွေဝိုင်းပြီး အိမ်ပေါ်က နှင်ထုတ်ခံရခါနီးအချိန်မှာ သူတို့နှစ်ယောက်ထဲက ဒီလော့ခ် ဆိုတဲ့လူက ကားဆေးဆိုင်မှာ အလုပ်ရသွားခဲ့ပါတယ် အဲဒီနောက်မှာတော့ သူနဲ့အတူနေတဲ့ သူငယ်ချင်း ရှောင် ကိုပါ အဲဒီကားဆေးဆိုင်မှာ အလုပ်ဝင်ဖို့ ဆွဲခေါ်ခဲ့ပါတယ် ဒါပေမဲ့ အဆင်ပြေမလိုနဲ့ ကားဆေးဆိုင်ပိုင်ရှင်သူဌေးက ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့… သူတို့နှစ်ယောက် ဒီပြဿနာကို ဘယ်လိုမျိုး အလွဲလွဲအချော်ချော်နဲ့ ရှင်းကြမလဲဆိုတာ... ဒီဇာတ်ကားရဲ့ အဓိက ဆွဲဆောင်မှုကတော့ ကမ္ဘာကျော် Rap အနုပညာရှင်တွေဖြစ်ကြတဲ့ Dr. Dre နဲ့ Snoop Dogg တို့ ကိုယ်တိုင် ခေါင်းဆောင်မင်းသားတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် Rap ဂီတလောကရဲ့ Legend တွဲဖက်နှစ်ယောက်ရဲ့ အတွဲညီညီ သရုပ်ဆောင်မှုတွေနဲ့အတူ ၂၀၀၀ ပြည့်လွန်နှစ်စပိုင်းရဲ့ Hip-hop ယဉ်ကျေးမှု၊ သီချင်းကောင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသအလွဲတွေကို ခံစားကြည့်ရှုချင်တယ်ဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း