ဇာတ်ကားများ ရွေးရန်

Dongeng Mistis

2018ဇာတ်ကားအမှတ် 6.3/1088 မိနစ်

Dongeng Mistis က အင်ဒိုနီးရှားရိုးရာ သရဲပုံပြင်အတို ခြောက်ပုဒ်ကို စုစည်းထားတဲ့ ထိတ်လန့်ဖွယ်ဇာတ်ကားပါ။ ဇာတ်လမ်းတစ်ပုဒ်တည်းကို ဆက်တိုက်ပြောသွားတာမျိုးထက် ငယ်ငယ်က လူကြီးတွေဆီမှာ သရဲပုံပြင် တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ခဲ့ရသလို တင်ဆက်ထားပါတယ်။ မီးမလာတဲ့ညတွေမှာ ကလေးတွေစုထိုင်ပြီး သရဲအကြောင်း ပြောပြဖို့ ပူဆာကြတာ၊ သရဲဝတ္ထုတွေ ခိုးဖတ်ကြတာ၊ ကိုယ်တွေ့သရဲခြောက်ခံရတဲ့အကြောင်းဆို ပိုနားထောင်ချင်ကြတာမျိုးကို ပြန်သတိရစေတဲ့ ပုံစံပါ။ ရိုးရာပုံပြင်တစ်ပုဒ်ကိုပဲ ပြောပြသူမတူရင် ခံစားရပုံကွာသွားသလို ဒီဇာတ်ကားမှာလည်း ရိုးရာသရဲဇာတ်လမ်းတွေကို ပုံပြင်ပြောပြသလို ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း