ဇာတ်ကားများ ရွေးရန်

DuckTales: The Movie - Treasure of the Lost Lamp

1990ဇာတ်ကားအမှတ် 6.7/1074 မိနစ်

DuckTales the Movie: Treasure of the Lost Lamp (1990) (Only On Bioscope App) IMDB : 6.8 Rotten Tomatoes : 65% Genre : Animation / Comedy / Adventure 1980 ပြည့်နှစ်လွန်တွေမှာ DuckTales ဆိုတဲ့ Disney က ထုတ်တဲ့ Animation ဇာတ်လမ်းတွဲက တော်တော်လေးကို ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ကမ္ဘာတစ်ဝှမ်းအောင်မြင်မှု တော်တော်လေးကိုရခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ Disney ကနေပြီးတော့ DuckTales the Movie: Treasure of the Lost Lamp ဆိုတဲ့ DuckTales အခြေခံတဲ့ ပထမဦးဆုံးရုပ်ရှင်ကို Indiana Jones Style စွန့်စားခန်း Animation တစ်ခုအဖြစ်ထုတ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကလည်း ပရိသတ်ကြားမှာတော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။ ဇာတ်ညွှန်း သန်းကြွယ်သူဌေးမောင်ကပ်စေး ဘဲကြီး Scrooge McDuck ဟာ Collie Baba ရဲ့ ရှေးဟောင်းရတနာကို ရှာဖွေရန်အလို့ငှာ တူတော်၊ တူမတော်တွေဖြစ်တဲ့ Huey, Dewey, Louie ,Webby တို့နဲ့ တူတူ ကန္တာရထဲကို ခြေဆန့်ခဲ့ပါတယ်။ ရတနာသိုက်ကိုရှာတွေ့ခဲ့ပေမဲ့ မှော်ဆရာကြီး Merlock နဲ့ သူ့ရဲ့ လက်ပါးစေ Dijon တို့က ရတနာတွေကိုခိုးယူသွားခဲ့ပါတယ်။ Dijon တို့လိုချင်ခဲ့တာက မီးခွက်တစ်ခုဖြစ်ပြီး အဲဒီမီးခွက်တစ်ခုပဲ တိုက်တိုက်ဆိုင်ဆိုင် ကျန်ရစ်ခဲ့ပါတယ်။ Webby က အဲဒီမီးခွက်လေးကို ဆော့ဖို့ဆိုပြီး ယူထားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ မီးခွက်မပါလာမှန်းသိသွားတဲ့ မှော်ဆရာ Merlock တို့နှစ်ယောက်ဟာ Scrooge တို့နောက်ကိုလိုက်ကာ မီးခွက်ကိုပြန်လုဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size…    1.8 GB/ 1.1 GB Quality… Wed-DL 1080p / 720p Format… mp4 Duration…. 1h 13m Genre ..... Animation / Comedy / Adventure Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း