ဇာတ်ကားများ ရွေးရန်

Laddaland

2011ဇာတ်ကားအမှတ် 6.3/10117 မိနစ်

ယောက္ခမရဲ့ အထင်သေးပြောဆိုမှုတွေကို မခံနိုင်တော့တဲ့ ထီဟာ လတ်ဒါလန်အိမ်ရာမှာ အိမ်တစ်လုံးကို အရစ်ကျ ဝယ်လိုက်ပါတယ်။ ဘန်ကောက်ကနေ ပြောင်းပြီး ကိုယ်ပိုင်အိမ်နဲ့ နေနိုင်ပြီဆိုရင် မိသားစုလည်း ပျော်ရွှင်လာမယ်လို့ သူမျှော်လင့်ထားတယ်။ ဒါပေမယ့် အိမ်သစ်မှာ နေရတဲ့ဘဝက သူတွေးထားသလို ဖြစ်မလာပါဘူး။ တစ်နေ့ အနီးအနားက အိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ယောက် သေဆုံးသွားပြီးနောက် အခြေအနေတွေ ပိုဆိုးလာကာ ခြောက်ခြားစရာတွေ ဖြစ်လာပါတယ်။ သရဲရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထီကတော့ လက်မခံချင်ဘူး။ ဒါက သူတို့မိသားစု ပထမဆုံးပိုင်ဆိုင်ရတဲ့အိမ် ဖြစ်နေတာကိုး။ တကယ်ပဲ သရဲရှိနေတာလား၊ လတ်ဒါလန်မှာ ဘယ်လိုအဖြစ်တွေ ထပ်ကြုံရဦးမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ ဇာတ်လမ်းပါ။ May Who မှာ ပါဝင်ခဲ့တဲ့ Sutatta Udomsilp လည်း ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားပြီး ဒီကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း