Dasvi
ဟရစ် ပရာဒက်ပြည်နယ်က ဝန်ကြီး ဂန်ဒါ ရမ် ချောင်ထရီဟာ အတန်းပညာမတတ်ပေမယ့် နိုင်ငံရေးအကြောင်းတော့ နှံ့စပ်သူပါ။ အကျင့်ပျက်ခြစားတတ်ပြီး လူတွေကိုလည်း သူ့သြဇာအောက်မှာ ထားချင်တယ်။ သူ့ဇနီး ဗစ်လာ ဒေဗွီ ချောင်ထရီကတော့ နုံနုံအအနဲ့ နေတတ်သူဖြစ်ပါတယ်။ တစ်နေ့ ချောင်ထရီဟာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ကျသွားပြီး ဇနီးဖြစ်သူက ဝန်ကြီးနေရာကို ဆက်ခံလိုက်တယ်။ ထောင်ထဲရောက်သွားပေမယ့် ချောင်ထရီရဲ့သြဇာက မပျောက်သေးပါဘူး။ ထောင်မှူးတွေအပေါ် ဩဇာညောင်းနေသလို ဇနီးဦးဆောင်တဲ့ အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကနေ ကြိုးကိုင်နေဆဲပါ။ အချိန်ကြာလာတော့ သူ့အလိုကျ လုပ်ပေးနေခဲ့တဲ့ဇနီးဟာ ဝန်ကြီးရာထူးကို တပ်မက်လာပြီး သူ့စကားကို လျစ်လျူရှုစပြုလာတယ်။ တစ်ဖက်မှာလည်း ထောင်ထဲက မထင်ထားတဲ့ပြဿနာတွေ၊ သူ့အတွက် လုပ်ဖို့အလွန်ခက်တဲ့ကိစ္စတွေ ပေါ်လာပါတော့တယ်။ Abhishek Bachchan ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်း၊ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း