ဇာတ်ကားများ ရွေးရန်

Bloody Tennis

2026ဇာတ်ကားအမှတ် 4.5/1094 မိနစ်

Bloody Tennis (2026) IMDb Rating (4.7) / Rotten Tomatoes (58%) ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဖြစ်လာဖို့ ရည်မှန်းချက်ကြီးမားတဲ့ အမေရိကန်မိန်းကလေး ဆိုဖီဟာစပိန်ကျေးလက်ဒေသမှာရှိတဲ့ နာမည်ကျော် တင်းနစ်အကယ်ဒမီတစ်ခုဆီ ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအကယ်ဒမီကိုမေရီတိုင်ရုန်းနဲ့စတက်ဗ်စကိုဆိုတဲ့ သဘောထားတင်းမာခက်ထန်တဲ့ နှစ်ယောက်ကဦးဆောင်နေပြီးထိပ်တန်းကစားသမားတွေဖြစ်အောင်လေ့ကျင့်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် အကယ်ဒမီရဲ့လေ့ကျင့်မှုတွေဟာ ပြင်းထန်ဆိုးရွားလွန်းရုံတင်မကပဲ စက်ဆုပ်ဖွယ်ရာအငွေ့အသက်တွေကိုပါ ဆိုဖီတစ်ယောက်ခံစားလာမိပါတယ်။ ကျောင်းသူခြောက်ယောက်အကြားကြီးမားတဲ့ ဆုလာဘ်ရမယ့်ပြိုင်ပွဲတစ်ခုစတင်ချိန်မှာတော့ ဆိုဖီတစ်ယောက် သူလိုချင်တာကိုရဖို့ သူငယ်ချင်းသံယောဇဉ်၊ ချစ်သူ၊ မိမိရဲ့လူ့ကျင့်ဝတ်တွေကိုပဲစတေးလဲလှယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ Bloody Tennis ဟာ အားကစားကိုဟော်ရာနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လှပဆန်းပြားသလိုတစ်ပြိုင်နက်တည်းမှာ စက်ဆုပ်စရာရိုက်ချက်တွေနဲ့ပရိသတ်ကိုစိတ်မသက်မသာဖြစ်အောင် ဖန်တီးနိုင်ခဲ့ပြီး ခေါင်းဆောင်မင်းသမီးရဲ့ဇာတ်လမ်းကိုသယ်ဆောင်နိုင်စွမ်းကလည်း ချီးကျူးစရာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.3 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:31:01 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း