Mash Ville
Mash Ville (2026) IMDb Rating (6.5) “အရက်တစ်ပုလင်းကနေ စတင်ခဲ့တဲ့ ငရဲခရီးလမ်း..." ပုံမှန်ဇာတ်လမ်းအသွားအလာတွေနဲ့ ကွဲထွက်ပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့............. တောင်ကိုရီးယားနိုင်ငံရဲ့ လူသူကင်းမဲ့ပြီး ဖုန်ထူနေတဲ့ ကျေးလက်ရွာလေးတစ်ရွာမှာ တရားမဝင်အရက်ချက်လုပ်ပြီး အသက်မွေးနေတဲ့ ညီအစ်ကိုသုံးယောက် ရှိပါတယ်။ ဒါပေမဲ့ သူတို့ နောက်ဆုံးချက်လုပ်ထားတဲ့ အရက်တစ်သုတ်ဟာ သောက်တဲ့သူတွေကို တကယ်သေစေနိုင်တဲ့ “သေမင်းအရက်” ဖြစ်နေတဲ့အခါ အခြေအနေတွေ အားလုံး ဇောက်ထိုးပြောင်းလဲသွားပါတော့တယ်။ သေဆုံးသူတွေ ပိုများမလာခင် အဆိပ်သင့်အရက်ပုလင်းတွေကို ပြန်လည်သိမ်းဆည်းဖို့ ညီအစ်ကိုသုံးယောက် အသည်းအသန် လိုက်လံရှာဖွေရင်း မမျှော်လင့်ထားတဲ့ လူတွေကိုပါ ဆုံတွေ့လာရတဲ့အခါ... ကိုရီးယားရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ထူးဆန်းတဲ့ လူနှစ်ယောက်၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ထုံးတမ်းတစ်ခုအတွက် လူသတ်နေတဲ့ ဘာသာရေးအစွန်းရောက်သူတွေ၊ အကျင့်ပျက် ရဲအရာရှိတစ်ဦး၊ အရှုပ်အထွေးတွေကြားမှာ ပိတ်မိနေတဲ့ ရုပ်ရှင်ပစ္စည်းတာဝန်ခံတစ်ဦး... ရည်ရွယ်ချက်မတူတဲ့ လူတွေအားလုံး တစ်နေရာတည်းမှာ ဆုံမိသွားတဲ့အခါ… အရက်တစ်ပုလင်းကြောင့် စတင်ခဲ့တဲ့ ပြဿနာက လူတိုင်းကို ငရဲလမ်းကို ဆွဲခေါ်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ... ဟာသဆန်ဆန် တင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်ကောင်တွေ၊ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖိုစရာတွေကို တစ်ပြိုင်နက်တည်း ခံစားချင်တယ်ဆိုရင် ဒီဇာတ်ကားကို လက်မလွှတ်ဘဲ အဆုံးထိ ကြည့်လိုက်ရအောင်။ File Size : 2.31GB/ 1.00GB Quality : AMZN WEB-DL 1080p/ 720p Format : mp4 Duration : 2hr 07m Genre : Action, Mystery, Comedy, Crime, Western Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း