Old Monk
နတ်ပြည်မှာနေတဲ့ နာရဒါမူနီဟာ တစ်ကိုယ်တည်းသမားတစ်ယောက်ပါ။ ရက်ဒါရဲ့မွေးနေ့ကို အရှင်ခရစ်ရှနာ မေ့နေတဲ့ကိစ္စမှာ ဝင်ဆေးထိုးမိရာက ခရစ်ရှနာ အမျက်ထွက်ပြီး သူ့ကို ကျိန်စာနဲ့အတူ လူ့ပြည်ဆီ ပို့လိုက်ပါတယ်။ ကျိန်စာက မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး အဲဒီမိန်းကလေးကို လက်ထပ်နိုင်ဖို့ မိဘတွေကို စည်းရုံးရမယ်ဆိုတာပါ။ လူ့ပြည်ရောက်လာတော့လည်း အချစ်ရေးက အဆင်မပြေဘူး။ မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်နဲ့ ချစ်သူဖြစ်မလိုရှိတိုင်း အချိန်အခါမကိုက်ဘဲ လွဲနေတတ်ပါတယ်။ နောက်တော့ ကိုယ်ချစ်သူမရရင် သူများတွေလည်း မရစေချင်တဲ့စိတ်နဲ့ ရုံးမှာ HR ရာထူးရအောင် ကြိုးစားလိုက်တယ်။ ရာထူးရတာနဲ့ အမျိုးသားနဲ့အမျိုးသမီး မျက်လုံးချင်းတောင် မဆုံရအောင် လိုက်တားတော့တာပါ။ သူများအတွဲတွေကို ဒီလိုနှောင့်ယှက်နေတဲ့ အာပနာတစ်ယောက် တကယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ထပ်တွေ့လာပါတယ်။ ဒီတစ်ခါတော့ ကျိန်စာကို ဖျက်နိုင်ပါ့မလား။ ရုံးကလူတွေကရော သူလုပ်ခဲ့တာတွေကို ငြိမ်ခံနေကြပါ့မလား။ အချစ်ရေးအလွဲတွေကြားမှာ အိန္ဒိယက စီစဉ်လက်ထပ်ပေးတဲ့ဓလေ့အပေါ် သဘောထားတွေကိုလည်း ဟာသနဲ့အတူ ထည့်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း