ဇာတ်ကားများ ရွေးရန်

Yura Was Here

2026ဇာတ်ကားအမှတ် 5.9/1096 မိနစ်

Yura Was Here (2026) IMDb Rating (6.8) မော်စကိုမြို့က တိုက်ခန်းတစ်ခုမှာ အတူနေကြတဲ့ လူငယ် ၃ ယောက်... စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ ဦးလေးကြီးကို ၁၀ ရက်တိုင်တိုင်စောင့်ရှောက်ပြုစုရင်း ဘဝရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားကြပုံကို ရိုက်ကူးထားတဲ့ ရုရှား Comedy / Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ရုရှားရဲ့ ဂန္ထဝင် မင်းသားကြီး Konstantin Khabenskiy နဲ့အတူ မင်းသား Denis Paramonov၊ Kuzma Kotrelev တို့က အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ မော်စကိုမြို့က တိုက်ခန်းတစ်ခန်းထဲမှာ အတူတူ နေထိုင်ကြတဲ့ လူငယ် ၃ ယောက်အကြောင်းကနေ စတင်ထားတာပါ။ သူတို့ဟာ သာမန်အတိုင်းပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေကြပေမဲ့... တစ်နေ့မှာတော့ သူတို့ထဲက တစ်ယောက်ရဲ့ ဦးလေးဖြစ်သူ "ယူရာ" ဆိုသူကို ၁၀ ရက်တိုင်တိုင် မဖြစ်မနေ စောင့်ရှောက်ပေးရမယ့် တာဝန်ကြီး ကျရောက်လာခဲ့ပါတော့တယ်။ ဦးလေး ယူရာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူဖြစ်တာကြောင့်... ကလေးတစ်ယောက်လို ပြုမူတတ်ပြီး လူငယ် ၃ ယောက်ရဲ့ ပုံမှန် ဘဝတွေကို လုံးဝ ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ယူရာ ရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေ၊ ပြဿနာ ရှာမှုတွေကြားမှာ လူငယ် ၃ ယောက်ဟာ သူတို့ မသိခဲ့ဖူးတဲ့ စာနာသနားမှုနဲ့ စစ်မှန်တဲ့ သံယောဇဉ်တရားကို တွေ့ရှိသွားကြပုံကို ပေါ့ပါးလေး ခံစားရမှာ ဖြစ်ပါတယ်။ File size… (1.5 GB) / (850 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Music Duration…. 01:33:02 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း