ဇာတ်ကားများ ရွေးရန်

Asvins

2023ဇာတ်ကား

အာသာဝဏီနတ်မင်းရဲ့ တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခုရှိပါတယ်။ အဲဒီထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့်ပြီး အပမှီသွားတယ်။ ဆင်းတုတွေရှိတဲ့ရွာမှာလည်း အငတ်ဘေးကျ၊ ကပ်ဆိုက်ပြီး နောက်ဆုံး ရွာပျက်သွားခဲ့ပါတယ်။ အဲဒီနောက် ဆင်းတုနှစ်ခုလည်း ပျောက်ကွယ်သွားတယ်။ တစ်ဖက်မှာတော့ လူသေဖူးတဲ့နေရာ၊ အဖြစ်ဆိုးတွေ ကြုံဖူးတဲ့နေရာနဲ့ အိမ်အိုအိမ်ဟောင်းတွေကို လိုက်ပြီး မှတ်တမ်းဗီဒီယိုရိုက်နေတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတို့ဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်အိုကြီးတစ်အိမ်ကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေနဲ့ ကြုံလာရတယ်။ ဒီအဖြစ်အပျက်တွေနောက်မှာ ဘာတွေရှိနေတာလဲ၊ သူတို့ ဘာကြောင့် ဒီလိုကြုံနေကြရတာလဲဆိုတာကို ဆက်လက်ရှာဖွေရမယ့် အိန္ဒိယသရဲဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း