ဇာတ်ကားများ ရွေးရန်

A Scene at the Sea

1991ဇာတ်ကားအမှတ် 7.5/10101 မိနစ်

A Scene at the Sea (1991 ဒီဇာတ်ကားလေးကတော့ လေတဖြူးဖြူး မိုးသားမှိုင်းမှိုင်းနဲ့ ပင်လယ်ရှုခင်းတစ်ခုအောက်က လှိုင်းစီးပြိုင်တဲ့ နားမကြားတဲ့ လူတစ်ယောက်အကြောင်းကို ဆိတ်ငြိမ်စွာ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျပန်နိုင်ငံ ပင်လယ်ကမ်းခြေမြို့တစ်ခုမှာ နေထိုင်တဲ့ နားမကြားတဲ့ ရှိဂဲရုဆိုတဲ့ လူတစ်ယောက်ဟာ သာမန်အတိုင်း စားသောက်လုပ်ကိုင်နေရာကနေ တစ်နေ့မှာ လှိုင်းစီးချင်တဲ့ ဝါသနာပိုးလေးက အစပျိုးလာခဲ့ပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို မကြားနိုင်ရှာတဲ့ ရှိဂဲရုဟာ လှိုင်းစီးဘုတ်ပြားဟောင်းလေးတစ်ခုနဲ့ မြို့ခံတွေရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ မိန်းမဖြစ်သူရဲ့ အားပေးမှုနဲ့အတူ နေ့တိုင်း လှိုင်းစီးကျင့်ရင်း လှိုင်းစီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အကြောင်းကို ကြည့်ရှုခံစားရင်း ဇွဲ့လုံ့လ၊ ဝီရိယ၊ ဂရုမစိုက်ခြင်းအနုပညာတွေနဲ့ မဆုတ်မနစ် ကြိုးစားပုံကို အတုယူဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း