Kikujiro
Kikujiro (1999) နွေရာသီကျောင်းပိတ်ရက် ရောက်လာချိန်မှာ တခြားသူငယ်ချင်းတွေလို ခရီးမထွက်နိုင်ဘဲ အဖွားနဲ့အတူ တိုကျိုမြိုရဲ့ ငြီးငွေ့စရာ နွေရာသီကို ဖြတ်သန်းနေရတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ် "မာဆာအို" သူ့မှာ အမှတ်မထင် တွေ့ရှိလိုက်ရတဲ့ ဓာတ်ပုံတစ်ပုံကြောင့် တခါမှ မမြင်ဖူးခဲ့တဲ့ အမေဖြစ်သူကို ရှာဖွေဖို ခရီးတစ်ခု စတင်ဖို ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ ကလေးတစ်ယောက်တည်း ခရီးဝေးမသွားနိုင်မှန်း သိတဲ့ အိမ်နီးနားချင်း အစ်မက သူ့ရဲ့ အလုပ်မဲ့၊ ပေါ့ပျက်ပျက်နဲ့ ရမ်းကားချင်တဲ့ ယောကျာ်းဖြစ်သူကို မာဆာအိုနဲ့အတူ အဖော်အဖြစ် ထည့်ပေးလိုက်ပါတော့တယ် အတ္တကြီးပြီး လူမိုက်ဆန်ချင်တဲ့ လူကြီးတစ်ယောက်နဲ့ အေးဆေးငြိမ်သက်ပြီး အမေ့ကို လွမ်းနေတဲ့ ကလေးငယ်တစ်ယောက်... ဒီလို ဆန့်ကျင်ဘက်နှစ်ယောက်ရဲ့ အမေရှာဖွေရေးခရီးစဉ်ကတော့ သူတိုထင်ထားသလို ချောမောလှပမနေခဲ့ပါဘူး လောင်းကစားရုံတွေ၊ လမ်းဘေးကြုံရာကား တားစီးရတဲ့ အခက်အခဲတွေနဲ့ မထင်မှတ်ထားတဲ့ ဆန်းကြယ်လှတဲ့ လူတွေနဲ့ တွေ့ဆုံရင်း ခရီးစဉ်ဟာ ဟာသတွေ၊ အလွဲတွေနဲ့ ဘယ်လိုပြည့်နှက်သွားမလဲဆိုတာ.... ခံစားချက်ရိုက်ခတ်မှု ပြင်းထန်လွန်းတဲ့ ဒီဇာတ်ကားမှာ ခရီးတစ်ခုရဲ့ ဦးတည်ရာပန်းတိုင်ထက် "ခရီးလမ်းမထက်က ကြုံတွေ့ရမှုတွေနဲ့ သံယောဇဉ်" က ဘဝအတွက် ဘယ်လောက်တောင် အဓိပ္ပာယ်ရှိသလဲဆိုတာကို ရယ်မောရင်း၊ ဝမ်းနည်းရင်း ခံစားရစေမှာ အသေအချာပါပဲ
ဇာတ်လမ်းအကြောင်း