ဇာတ်ကားများ ရွေးရန်

Ribbon

2022ဇာတ်ကားအမှတ် 7.2/10115 မိနစ်

ဂျပန်နိုင်ငံက အနုပညာကျောင်းသားတွေဟာ ဘွဲ့နှင်းသဘင်ပြပွဲမှာ ပြသဖို့ ပန်းချီကားတွေကို တစ်နှစ်လောက် ကြိုတင်ပြင်ဆင်ကြရပါတယ်။ အားလုံးမျှော်လင့်စောင့်စားနေတဲ့ ပြပွဲနေ့ မရောက်ခင် ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကူးစက်မှုတွေ များလာပြီး ကျောင်းတွေ ရုတ်တရက်ပိတ်လိုက်ရတယ်။ ဘွဲ့နှင်းသဘင်နဲ့အတူ ပြပွဲပါ ဖျက်သိမ်းလိုက်ရတဲ့အခါ ကျောင်းသားတွေထဲမှာ ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူသူရှိသလို ဖြဲပစ်လိုက်သူတွေလည်း ရှိလာပါတယ်။ အနုပညာကျောင်းသူ အိဆွတ်ကလည်း ဒီအခြေအနေကို ကြုံနေရသူတစ်ယောက်ပါ။ စာမသင်ရတော့လို့ အချိန်တွေပိုနေပေမယ့် ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိဘဲ လမ်းပျောက်နေတယ်။ အဲဒီအချိန်မှာ အလည်လာတဲ့ အမေက သူ့ပန်းချီကားကို အမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပြန်ပါတယ်။ မိဘတွေနဲ့ ညီမလေးက ကိုဗစ်ကို အကြောက်လွန်နေကြသလို သူငယ်ချင်းဖြစ်သူကလည်း စိတ်ဓာတ်ကျလာပုံရတယ်။ ရောဂါနဲ့ စိတ်ဖိစီးမှုတွေကြား ကိုယ့်ဖြစ်တည်မှုကိုပါ ခဏတာ ပျောက်ဆုံးသလို ခံစားနေရတဲ့ အိဆွတ်က ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ပြထားပါတယ်။ ၂၀၂၁ ခုနှစ်ထွက် ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ Non ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကြောင်း