ဇာတ်ကားများ ရွေးရန်

One Missed Call 2

2005ဇာတ်ကားအမှတ် 6.0/10105 မိနစ်

One Missed Call မူရင်း ဂျပန်ကားတွေက ကျွန်တော်တို့ငယ်စဉ်ကာလ ၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ နာမည်ကြီးခဲ့တဲ့ ဂျပန်သရဲကားတွေပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက ဂျပန်သရဲလိုင်းဆို Ring မူရင်းတို့ The Grudge မူရင်းတို့တွေ ကြီးစိုးနေတဲ့အချိန်ပေါ့။ ဒီ One Missed Call ထဲက ဖုန်း Ringtone သံဆိုရင် ဖုန်းကိုင်တဲ့လူငယ်တွေကြားတောင် တော်တော်လေး ပေါက်သွားသေးတယ်ပြောရမယ်။ သူက အလွယ်လေး သရဲကားလို့ခေါ်လိုက်ပေမဲ့ တကယ်တမ်း ကိုယ့်ဖုန်းထဲကို အနာဂတ်တစ်ချိန်ချိန်ကနေ ကိုယ့်အသံနဲ့ ကိုယ့်ဖုန်းဆီကို Voicemail ရောက်လာပြီ အဲဒီအချိန် သေတော့မယ်ဆိုတာကို နမိတ်ကြိုပြတာမျိုးဆိုတော့ Final Destination တို့လို သည်းထိတ်ရင်ဖိုလိုင်းလည်း ဖြစ်တာပဲ။ ဒီဂျပန်ရုပ်ရှင် Franchise မှာတော့ ၃ ကားတိတိ ထွက်ရှိထားပြီး Hollywood ကပါ နံပါတ် ၁ ကားကို Remake ပြန်ရိုက်ခဲ့ပေမဲ့လည်း သိပ်တော့ အောင်မြင်လှခြင်းမရှိပါဘူး။ One Missed Call (2003) ဒါကတော့ နံပါတ် ၁ မူရင်းကား ၃ ကားထဲမှာလည်း အကောင်းဆုံးလို့ပဲ ဆိုရမှာပေါ့။ သူ့ဇာတ်လမ်းက ကောလိပ်ကျောင်းသူတွေဆီကို ကိုယ့်နာမည် ကိုယ့်ဖုန်းကြီးနဲ့ အသံမေးလ်တွေ ရောက်ရောက်လာတယ်။ ရက်စွဲတွေကလည်း နောက် ၁ ရက် ၂ ရက်နေမှဆိုတော့ အနာဂတ်ကနေ လှမ်းပို့သလိုကြီး။ ဒါပေမဲ့ ဒီထက်ပိုပြီး ထူးခြားတာကတော့ အဲဒီနေ့ အဲဒီအချိန်ဆို အဲဒီအပို့ခံရတဲ့လူက ထူးဆန်းတာတွေ မြင်ရ ကြားရ ကြုံရပြီး သွေးပျက်ဖွယ်ရာ သေဆုံးသွားတာမျိုး။ အစပိုင်းမှာတော့ မတော်မဆလို့ပဲ ထင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းနဲ့ သေဆုံးသူတွေများပြားလာပြီး မင်းသမီးဆီ ရောက်လာတဲ့အခါမှာတော့ ဒီ ဖုန်းကျိန်စာဟာ ဘာကြောင့်လဲဆိုတာကို အဖြေရှာပြီး ရပ်တန့်သွားအောင် ကြိုးစားကြတာတွေကို ကြည့်ရမှာပါ။ One Missed Call 2 (2005) ဒါကတော့ ဒုတိယမြောက်ကား၊ သူက တိုက်ရိုက်ချိတ်ဆက်ထားပြီး ပထမကားဖြစ်ရပ်အပြီး ၁ နှစ်အကြာကို အခြေခံထားတယ်။ ဒီမှာကျ မူလတန်းကျောင်းဆရာမလေးနဲ့ တရုတ်စားသောက်ဆိုင်ဝန်ထမ်း ဓာတ်ပုံဆရာကောင်လေးဆီ ဒီဖုန်းကျိန်စာက ပြန်လည်ရောက်ရှိလာပြီး ဒီကိစ္စတွေကို အတွေ့အကြုံရှိသူ ဂျာနယ်လစ်မကလည်း လာရောက်ကူညီပေးမှာပါ။ ဒီကားမှာကျ ဒီဖုန်းကျိန်စာအကြောင်း ပိုမိုသိရှိရမှာဖြစ်ပြီး ဒီကျိန်စာရဲ့ တကယ့်ဇစ်မြစ်ကို အဖြေရှာရင်း ထိုင်ဝမ်နိုင်ငံထိ ရောက်သွားပြီး ကျိန်စာဘယ်လိုဖြေမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Wind and Cloud ခေါ် နဲ့ဖုန်းနဲ့ ပုကျင်းရင် သိုင်းကားထဲက ပုကျင်းရင်နေရာက ထိုင်ဝမ်နာမည်ကြီးမင်းသား Peter Ho လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ One Missed Call 3 Final (2006) သူကတော့ တတိယမြောက် ဖိုင်နယ်ဆိုပြီး ထွက်လာခဲ့ပေမဲ့ ရှေ့ ၂ ကားနဲ့ ဘာမှမဆက်စပ်တာကို မြင်ရတယ်။ နံပါတ် ၂ ကားမှာ ထိုင်ဝမ်ထိ နယ်ချဲ့လာခဲ့တဲ့ဇာတ်ကားက‌ ဒီကားထဲမှာလည်း တောင်ကိုရီးယားထိ ရောက်သွားပြန်ပါတယ်။ ကိုရီးယားရောက်မှတော့ ကိုရီးယားမင်းသား Jang Keun-suk လည်း အဓိကဇာတ်ကောင်တစ်ယောက်အဖြစ် ဝင်ပါသရုပ်ဆောင်ထားပါသေးတယ်။ ဒီကားမှာကျ ကျောင်းသူကျောင်းသားတွေ ဂျပန်ကနေ ကိုရီးယားကို လေ့လာရေးခရီးထွက်လာတဲ့အချိန် သူတို့ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ထားတဲ့ကောင်မလေးက ဒီဖုန်းကျိန်စာတိုက်လို့ တစ်ယောက်ပြီးတစ်ယောက် ခွေးဖြစ်ကြမယ့်ဇာတ်လမ်း။ ဒါပေမဲ့ ဒီကားမှာကျ နည်းနည်း ပိုထူးခြားသွားတာက ကိုယ့်ဆီ အဲဒီ Voicemail ရောက်လာရင် ကိုယ့် Contact ထဲက နောက်တစ်ယောက်ဆီကို Forward လုပ်လို့ရပြီး အသက်သေမယ့်ရန်ကနေ ကာကွယ်နိုင်တာပဲ။ ဒီအချက်ပါလာတဲ့အတွက် လူတွေရဲ့ တကယ့်စိတ်ရင်းတွေကိုလည်း မြင်ရပြီး သရဲအပြင် လူအချင်းချင်း ရက်စက်ကြတာမျိုးတွေလည်း ကြည့်ရပါဦးမယ်။

ဇာတ်လမ်းအကြောင်း