Roqia
Roqia (2025) IMDb Rating (6.0) Roqia ဇာတ်ကားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက အယ်လ်ဂျီးရီးယားနိုင်ငံပြည်တွင်းစစ်ရဲ့စိတ်ဒဏ်ရာတွေကိုအချိန်ကာလနှစ်ခုနဲ့ ဆက်စပ်ဖော်ကျူးထားတဲ့ psychological horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ အာမက်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုနဲ့အတူမှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပြီး မျက်နှာတစ်ခုလုံးပတ်တီးတွေ လက်မှာဒဏ်ရာတွေနဲ့အတူ မိသားစုဆီ ပြန်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့အငယ်ဆုံးကလေးက ပတ်တီးစီးထားတဲ့ အာမက်ရဲ့ရုပ်ကိုအရမ်းကြောက်လန့်နေပြီး ညဘက်တွေမှာ ထူးဆန်းတဲ့လူတွေက အာမက်ဆီကိုရောက်လာပြီး သူနားမလည်တဲ့ ဘာသာစကားနဲ့တီးတိုးပြောနေလေ့ရှိကြပါတယ်။ ဇနီးဖြစ်သူက အကောင်းဆုံးဖေးမကူညီနေပေမယ့် အာမက်ဟာ သူမှတ်မိမနေတဲ့ အတိတ်ကိုစိုးရိမ်ကြောက်ရွံ့စိတ်က ပိုလို့ဆိုးလာခဲ့ပါတယ်။ လက်ရှိကာလမှာတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ပယောဂဆရာကြီးတစ်ဦးကအယ်လ်ဇိုင်းမား ရောဂါကိုစပြီး ခံစားနေရပါတယ်။ကျမ်းစာအုပ်ကို နေရာအထားမှားပြီး သူများတွေကိုစွပ်စွဲတတ်တာမျိုးတွေပါဖြစ်လာပြီး နေ့စဉ်တာဝန်တွေကို ထမ်းဆောင်ဖို့ကသူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့သစ္စာရှိတပည့်ဖြစ်သူကတော့ ဆရာကြီးရဲ့မှတ်ဉာဏ်ချို့ယွင်းမှုကြောင့်လူ့အဖွဲ့အစည်းကို မကောင်းဆိုးဝါးတွေ ဘေးက မကာကွယ်နိုင်တော့မှာကိုစိုးရိမ်နေပြီး တကယ်လည်းသူစိုးရိမ်သလို သူတို့ပတ်ဝန်းကျင်မှာ သာမန်လူတွေကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ပိုပိုများပြားလာချိန်မှာတော့..။ ဒီရုပ်ရှင်ကို ၈၂ ကြိမ်မြောက်ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်ရဲ့ International Critics’ Week section မှာစတင်ပြသခဲ့ပြီးဝေဖန်ရေးသမားတွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။ (၉၉) ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့အကောင်းဆုံးအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ဆု (Best International Feature Film) အတွက် အယ်လ်ဂျီးရီးယားနိုင်ငံ ကိုယ်စားပြုအဖြစ်လည်းရွေးချယ်ခံခဲ့ရပါတယ်။မြည်းစမ်းကြည့်သင့်တဲ့ အာရပ်ရုပ်ရှင်အနုပညာလက်ရာတစ်ခုပါပဲ။ File size… (1.1 GB) / (690 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:34:07 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း