Surfer, Dude
ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းစားစရာမလိုတဲ့ ဟာသဇာတ်ကားလေးတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့တော့ မင်းသားကြီး Matthew McConaughey ရဲ့ အထာကျကျ စတိုင်လ်တွေကို အပြည့်အဝ မြင်တွေ့ရမယ့် ၂၀၀၈ ခုနှစ်က ဟာသဇာတ်ကားဟောင်းလေး "Surfer, Dude" ကို တင်ဆက်ပေးချင်ပါတယ်။ ာတ်လမ်းကတော့ ရေလှိုင်းစီးတာ ကို ရူးသွပ်ပြီး ဘဝကို လွတ်လွတ်လပ်လပ် အေးဆေး ဖြတ်သန်းနေတဲ့ လှိုင်းစီးသမား စတိဗ် အက်ဒင်တန် ကနေ စတင်ပါတယ်။ သူဟာ ကမ္ဘာပတ်ပြီး လှိုင်းစီးနေရာကနေ သူ့ရဲ့မွေးရပ်မြေ မာလီဘူး (Malibu) ကမ်းခြေကို ပြန်ရောက်လာပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူပြန်ရောက်တဲ့ အချိန်မှာပဲ ပင်လယ်ကြီးက လှိုင်းလုံးဝ မရှိတော့ဘဲ ငြိမ်သက်သွားပါတော့တယ်။ တစ်လလောက်အထိ လှိုင်းမလာတဲ့အခါ လှိုင်းစီးဖို့ ရူးသွပ်နေတဲ့ စတိဗ် တစ်ယောက် ဂနာမငြိမ် ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ စီးပွားရေးသမား တစ်ယောက်က သူ့ကို အသုံးချပြီး Reality TV Show နဲ့ 3D (VR) ရေလှိုင်းစီး ဂိမ်းတွေ ထုတ်လုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ ငွေကြေးနဲ့ အကျော်အမောတွေက မြူဆွယ်နေပေမယ့် သူ့ရဲ့ စစ်မှန်တဲ့ လှိုင်းစီးချင်တဲ့ စိတ်ဝိညာဉ်ကို မရောင်းစားဘဲ သဘာဝရဲ့ လှိုင်းအစစ်ကိုပဲ ဘယ်လို စိတ်ရှည်လက်ရှည် စောင့်မျှော်မလဲ ဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ Matthew McConaughey ရဲ့ တကယ့် အပြင်လက်တွေ့ဘဝက အေးဆေးလွတ်လပ်တဲ့ စရိုက်ကို အသားပေး ရိုက်ကူးထားသလိုပါပဲ။ ဇာတ်ကားတစ်လျှောက်လုံး အင်္ကျီမဝတ်ဘဲ၊ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ သူ့ရဲ့ စတိုင်လ်ကို သဘောကျတဲ့ ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားပါ။ ဇာတ်လမ်းမှာ ကြီးကျယ်ခမ်းနားတဲ့ လှည့်ကွက်တွေ ၊ လေးနက်တဲ့ ဒရာမာတွေ လုံးဝ မပါဝင်ပါဘူး။ ရေလှိုင်းမရှိလို့ စိတ်ညစ်နေတဲ့ လူတစ်ယောက်ရဲ့ အဖြစ်အပျက်ကို သာမန် (Stoner Comedy) အရသာမျိုးနဲ့ ပေါ့ပေါ့ပါးပါးပဲ တင်ဆက်ထားတာပါ။ "Surfer, Dude (၂၀၀၈)" ဟာ ဆုရမယ့် ရုပ်ရှင်ကားကောင်းကြီး တစ်ကားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Weekend မှာ ဘာမှ တွေးတောနေစရာ မလိုဘဲ ပင်လယ်ကမ်းခြေ အငွေ့အသက်နဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်တဲ့ သူတွေ၊ Matthew McConaughey ရဲ့ အမာခံ Fan တွေအတွက်တော့ အပျော်ကြည့်လို့ ကောင်းမယ့် ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ File size… 2.17 GB / 1.53 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း