ဇာတ်ကားများ ရွေးရန်

Pizza Movies

2026ဇာတ်ကားအမှတ် 5.3/1091 မိနစ်

Pizza Movies (2026) ဒီကားကတော့ ဒါရိုက်တာ Carlo Padial ရိုက်ကူးထားပြီး ၂၀၂၆ မှာ ထွက်ရှိခဲ့တဲ့ စပိန်ဟာသရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီကားလေးက ရုပ်ရှင်ဝေဖန်ရေးနဲ့မီဒီယာလောကထဲမှာ ရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ရိုက်ကူးထားတဲ့ စပိန် Romantic Comedy / Surreal Comedy ကားလေးပါ။ သတင်းစာဆရာနဲ့ရုပ်ရှင်ဝေဖန်ရေးအလုပ်ရဲ့ မရေရာမှုတွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ Thais (Judit Martín) ဟာ အလုပ်ကထွက်ပြီး ရုပ်ရှင်ပုံစံ Cinema-themed Pizzeria (ပီဇာဆိုင်) တစ်ခုကို ခင်ပွန်းဖြစ်သူ Alan (Berto Romero) နဲ့အတူ စတင်တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ရောင်းတဲ့ပီဇာတွေပေါ်မှာ Mortadella အသား၊ ဒိန်ခဲနဲ့သံလွင်သီးတွေကို အသုံးပြုပြီး နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းပုံစံတွေကို ပန်းချီကားတစ်ချပ်လို ပုံဖော်ပေးထားတာပါ။ ဆိုင်မှာ ပီဇာလိုက်ပို့ပေးရတဲ့ Delivery သမားတွေကလည်း မီဒီယာလောကမှာ အလုပ်လက်မဲ့ဖြစ်နေပြီး ဆီးချိုရောဂါရှိကြတဲ့ရုပ်ရှင်ဝေဖန်ရေးဆရာတွေပဲ ဖြစ်ပါတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေက Screwball Comedy တွေလို မြန်ဆန်သွက်လက်တဲ့စကားပြောစတိုင်လ်၊ တလွဲဖြစ်ရပ်ဆန်းတွေနဲ့ စပိန် "Post-humor" ဟာသစတိုင်လ်ကို ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာ သူတို့ရဲ့ ပီဇာစီးပွားရေးကြောင့် တရားရုံးမှာ ရှုပ်ရှုပ်ထွေးထွေးရင်ဆိုင်ရတဲ့တလွဲဇာတ်ဝင်ခန်းကလည်း တကယ့်ကို ရယ်ရမယ့် Highlight တစ်ခုပါပဲ။ File Size - 1.6 GB/ 502 MB Quality - WEB-DL 1080p/ 720p Duration - 1h 27m Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း