ဇာတ်ကားများ ရွေးရန်

The Reef: Stalked

2022ဇာတ်ကားအမှတ် 6.1/1093 မိနစ်

နစ်ခ်တို့ ညီအစ်မသုံးယောက်ထဲမှာ နစ်ခ်နဲ့ ကတ်က ရေငုပ်ရတာကို ဝါသနာပါကြပါတယ်။ တစ်နေ့မှာ ကတ်ဟာ သူ့ကို နှိပ်စက်တတ်တဲ့ ယောက်ျားလက်ချက်နဲ့ သေဆုံးသွားတယ်။ အဲဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရသွားတဲ့ နစ်ခ်လည်း ပြည်ပကို ထွက်သွားပါတော့တယ်။ ကိုးလကြာပြီးနောက် နစ်ခ်တို့ ကျန်တဲ့ညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြပြီး အရင်လို စိတ်ပြေလက်ပျောက် လှေလှော်ရေငုပ်ဖို့ ခရီးထွက်လာကြပါတယ်။ ပင်လယ်ထဲမှာ လှေငယ်ကိုယ်စီနဲ့ ရေငုပ်လိုက်၊ ငါးဖမ်းလိုက် လုပ်နေကြတုန်း ရေပြင်ပေါ်မှာ အနက်ရောင်ဆူးတောင်တစ်ခု ထွက်လာတာကို တွေ့လိုက်ကြရတယ်။ The Reef: Stalked ဟာ The Reef (2010) ရဲ့ အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းပိုင်းမှာတော့ အချိတ်အဆက်မရှိပါဘူး။

ဇာတ်လမ်းအကြောင်း