General Mayhem: The Killing of Brigadier J
General Mayhem: The Killing of Brigadier J (2026) IMDb Rating (6.9) "တရားဥပဒေကို စောင့်ရှောက်ရမဲ့သူတွေ ကိုယ်တိုင်က ရာဇဝတ်ကောင်တွေ ဖြစ်နေတဲ့အခါ... အမှန်တရားဆိုတာ အမှောင်ချခံရတော့မှာလား..." True Crime Documentary တွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ ဖြစ်ရပ်မှန်လူသတ်မှုကြီးတစ်ခုကို အခြေခံပြီး နက်ဖလစ်ကနေ ပူပူနွေးနွေး တင်ဆက်လိုက်တဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအစမှာတော့ အနာဂတ်တောက်ပနေတဲ့ အရာရှိငယ်လေးဂျိုရှူဝါဟာ အင်မတန် အာဏာကြီးမားတဲ့ ရဲဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အိမ်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတော့တယ်။ ဂျိုရှူဝါတို့မိသားစုဘက်ကတော့ အလောင်းတောင်သေချာမမြင်ရဘဲ သူတို့သိရတာကတော့ ဂျိုရှူဝါဟာ ဗိုလ်ချုပ်မိန်းမကို မုဒိမ်းကျင့်တဲ့မုဒိမ်းကောင် ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ရင်း အသေဆိုးနဲ့သေရတာပါလို့ပဲသိခွင့်ရခဲ့တာပါ။ အစပိုင်းမှာတော့ သာမန် ပစ်ခတ်မှုတစ်ခုလိုလို၊ မတော်တဆမှုလိုလိုနဲ့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့... တကယ်တမ်း စုံစမ်းစစ်ဆေးမှုတွေ စတင်လာတဲ့အခါမှာတော့ ဒါဟာ ရိုးရိုး လူသတ်မှုတစ်ခုမဟုတ်မှန်း သိသာလာပါတော့တယ်။ ဒီလိုနဲ့ အထက်ဖားအောက်ဖိ လုပ်ရပ်တွေနဲ့အတူ အမျိုးသားရဲတပ်ဖွဲ့ရဲ့ အမြင့်ဆုံးရာထူးတွေအထိ ပါဝင်ပတ်သက်နေတဲ့ "ရာဇဝတ်မှု ဖုံးကွယ်မှုကြီး"ကို တူးဆွမိလိုက်တဲ့အခါမှာတော့... ဒါရိုက်တာ Rob Sixsmith ရိုက်ကူးထားတဲ့ ဒီ Documentary ကားမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှုတွေ၊ အာဏာကို အလွဲသုံးစားလုပ်ပြီး အမှန်တရားကို ဘယ်လိုမျိုး ဖုံးကွယ်ဖို့ ကြိုးစားကြတယ်ဆိုတာကို သည်းထိတ်ရင်ဖိုစရာ ဖော်ထုတ်ပြသသွားမှာပါ။ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ ခြိမ်းခြောက်မှုတွေ၊ လိမ်လည်မှုတွေကြားကနေ သေဆုံးသွားတဲ့ အရာရှိငယ်လေးအတွက် တရားမျှတမှုကို ဘယ်လို ခက်ခက်ခဲခဲ ရယူပေးမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သာမန် မှတ်တမ်းရုပ်ရှင်တွေလို ပျင်းစရာကောင်းမနေဘဲ Crime Thriller ဇာတ်ကားကောင်းတစ်ကား ကြည့်ရသလိုမျိုး အဖြစ်အပျက်တွေကို အသေးစိတ်နဲ့ ဆွဲဆောင်မှုရှိရှိ တင်ဆက်ထားတာဖြစ်လို့ မှုခင်းပဟေဠိ ဇာတ်ကားကြိုက်သူတွေ လုံးဝ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါရစေ။ File Size :1.48GB/ 670MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 30m Genre : Crime Documentary Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း