ဇာတ်ကားများ ရွေးရန်

Accursed

2026ဇာတ်ကားအမှတ် 4.0/1077 မိနစ်

Accursed (2026) ဇာတ်လမ်းလေးက Emma ဆိုတဲ့ ကောင်မလေးရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ပွဲကနေ စတာပါ။ Emma နဲ့ သူ့သူငယ်ချင်းတစ်စုဟာ မွေးနေ့ပွဲလေးကို ရေကန်ဘေးက အပန်းဖြေအိမ်မှာ အေးအေးဆေးဆေး ပါတီလုပ်ပြီး ဖြတ်သန်းဖို့ သွားကြတာပေါ့။ ဒါပေမဲ့ သူတို့မသိတာတစ်ခုက လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက သီလရှင်တစ်ပါးက လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့တဲ့ မှောင်မိုက်တဲ့အတိတ်ဆိုးကြီးတစ်ခု ရှိနေခဲ့တာပါပဲ။ Emma ရဲ့ အသက် ၂၁ နှစ်ပြည့်မွေးနေ့ရောက်လာတဲ့အချိန်မှာ အဲဒီလျှို့ဝှက်ချက်ကြီးက ပြန်ပေါ်လာခဲ့ပါတယ်။ အပန်းဖြေအိမ်မှာ ပျော်နေတုန်းမှာပဲ မျက်နှာဖုံးစွပ်ဂိုဏ်းဝင်တွေ ရောက်လာပြီး သူတို့ကို ထောင်ချောက်ဆင် ပိတ်လှောင်လိုက်ကြပါတော့တယ်။ အဲဒီဂိုဏ်းဟာ ရှေးဟောင်းမိစ္ဆာဆိုးကြီးကို နိုးထစေဖို့အတွက် ညလယ်ယဇ်ပူဇော်ပွဲလုပ်ဖို့ ကြံစည်ထားတာပါ။ နောက်ဆုံးမှာတော့ မွေးနေ့ပွဲလေးဟာ မိစ္ဆာပူးကပ်ခံရတာတွေ၊ အချင်းချင်းသစ္စာဖောက်တာတွေနဲ့အတူ အသက်လုရုန်းကန်ရတဲ့ငရဲခန်းလို အိပ်မက်ဆိုးကြီးဖြစ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဟောလီးဝုဒ်မင်းသားကြီး Danny Trejo ပါဝင်ထားပြီး သဘာဝလွန် Horror ကားဆန်းဆန်းလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက်တော့ ကြည့်လို့ရတဲ့ ကားတစ်ကားပါပဲ။ မိစ္ဆာယဇ်ပူဇော်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ သွေးထွက်သံယိုအခန်းတွေ၊ မိစ္ဆာပူးကပ်ခံရမှုတွေ၊ သဘာဝလွန်သွေးပျက်ဖွယ်ရာတွေ၊ ဂိုဏ်းဝင်တွေရဲ့ကြောက်စရာမြင်ကွင်းတွေ၊ စကားပြောဆိုမှုရာမှာ ရိုင်းစိုင်းတဲ့ ဒါမှမဟုတ် ဆဲဆိုကြိမ်းမောင်းတဲ့စကားလုံးတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ အသက် ၁၇ နှစ်အောက်လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ဘဲ လူကြီးမိဘလမ်းညွှန်မှုလိုအပ်တဲ့ရုပ်ရှင်မျိုး ဖြစ်ပါတယ်။ File Size - 1.2 GB/ 516 MB Quality - WEB-DL 1080p/ 720p Duration - 1h 20m Format - mp4 Genre - Horror Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း