The Sting
ဟောလိဝုဒ်ရဲ့ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး လူလိမ် ဇာတ်ကားဆိုရင် ထိပ်ဆုံးကနေ ပြေးမြင်ရမယ့်၊ အကောင်းဆုံး ဇာတ်ကားဆု (Best Picture) အပါအဝင် အော်စကာဆု (၇) ဆုတိတိ သိမ်းပိုက်နိုင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီး "The Sting (၁၉၇၃)" ကို ဒီနေ့မှာ တင်ဆက်ပေးချင်ပါတယ်။ မင်းသားကြီး Paul Newman နဲ့ Robert Redford တို့ရဲ့ အကောင်းဆုံး အပေးအယူတွေ၊ နောက်ဆုံးမိနစ်အထိ မှန်းဆလို့မရတဲ့ လှည့်ကွက်တွေကို မြင်တွေ့ရမယ့် Masterpiece ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ၁၉၃၆ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် (Great Depression) ကာလကို နောက်ခံထားပါတယ်။ ဂျော်နီ ဟွတ်ကာ ဟာ လမ်းဘေးမှာ လူလိမ်စားပြီး အသက်မွေးနေတဲ့ အငယ်စား လူလိမ်တစ်ယောက်ပါ။ တစ်နေ့မှာ သူနဲ့ သူ့ရဲ့ဆရာဖြစ်သူတို့ဟာ မထင်မှတ်ဘဲ ရက်စက်တဲ့ မာဖီးယားဂိုဏ်းစတားကြီး ဒွိုင်းလ် လွန်နီဂန် ရဲ့ ငွေတွေကို လိမ်ယူမိသွားပါတယ်။ ဒေါသထွက်သွားတဲ့ လွန်နီဂန် ဟာ ဟွတ်ကာ ရဲ့ ဆရာဖြစ်သူကို လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ သူ့ဆရာအတွက် လက်စားချေဖို့နဲ့ လွန်နီဂန်ဆီက ငွေအမြောက်အမြားကို ပြန်လည်လှည့်ဖြား ယူငင်ဖို့အတွက်၊ ဟွတ်ကာ ဟာ အမေရိကန်ရဲ့ အတော်ဆုံး လူလိမ်ပညာရှင်ကြီး ဟင်နရီ ဂွန်ဒေါ့ဖ် ကို သွားရောက်အကူအညီ တောင်းပါတော့တယ်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး အတုအယောင် လောင်းကစားရုံကြီး တစ်ခုဖန်တီးကာ လွန်နီဂန်ကို ဘယ်လို အကွက်ဆင် ဖမ်းမလဲ (The Sting) ဆိုတာကို ပီပြင်စွာ ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းဟာ ဟောလိဝုဒ်မှာ စံပြ အဖြစ် အခုအချိန်ထိ သင်ကြားနေရဆဲပါ။ Ocean's Eleven လို နောက်ပိုင်းထွက် Heist ကားတွေအားလုံးဟာ ဒီဇာတ်ကားရဲ့ လွှမ်းမိုးမှု အများကြီး ပါဝင်ပါတယ်။ အစီအစဉ်တွေ တစ်ခုပြီးတစ်ခု ချမှတ်တယ်၊ အမှားအယွင်းတွေ ဖြစ်လာတယ်၊ ဒါပေမယ့် နောက်ဆုံး ဇာတ်သိမ်းပိုင်း ရောက်တဲ့အခါ ကြည့်ရှုသူ ပရိသတ်ကိုယ်တိုင်ပါ ပါးစပ်အဟောင်းသား ဖြစ်သွားရလောက်အောင် လှည့်ကွက် တွေကို အပိုင် ဇာတ်ကွက်ဆင်ထားပါတယ်။ Butch Cassidy and the Sundance Kid (၁၉၆၉) မှာ အတူတူ အောင်မြင်ခဲ့တဲ့ Paul Newman နဲ့ Robert Redford တို့ နှစ်ယောက်ရဲ့ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့မှုပါ။ အတွေ့အကြုံရင့်ပြီး တည်ငြိမ်တဲ့ ဂွန်ဒေါ့ဖ် နဲ့ လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိတဲ့ ဟွတ်ကာ တို့ရဲ့ ဆရာတပည့် Chemistry က ဇာတ်ကားကို အသက်ဝင်လွန်းစေပါတယ်။ ဗီလိန်နေရာက Robert Shaw ရဲ့ ခက်ထန်တဲ့ အမူအရာကလည်း ပြိုင်ဘက်ကောင်း တစ်ယောက်ရဲ့ အရသာကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါရိုက်တာ George Roy Hill ဟာ ၁၉၃၀ ခေတ်က ဝတ်စားဆင်ယင်မှုတွေ၊ ကားတွေနဲ့ မြို့ပြအငွေ့အသက်တွေကို အကောင်းဆုံး ပုံဖော်ထားပါတယ်။ အထူးသဖြင့် Scott Joplin ရဲ့ နာမည်ကြီး ရဂ်တိုင်း စန္ဒရားတီးလုံးဖြစ်တဲ့ "The Entertainer" သီချင်းဟာ ဒီဇာတ်ကားနဲ့ တစ်သားတည်း ဖြစ်သွားပြီး ရုပ်ရှင်သမိုင်းမှာ အမှတ်ရစရာ အကောင်းဆုံး နောက်ခံတေးဂီတ တစ်ခု ဖြစ်လာခဲ့ပါတယ်။ The Sting (၁၉၇၃)" ဟာ အကယ်ဒမီ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆု (Best Picture) အပါအဝင် ဆုကြီး ၇ ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ ဂန္ထဝင်လက်ရာ တစ်ခုဖြစ်ပါတယ်။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းသွားပါစေ၊ ဇာတ်ကွက် အချိတ်အဆက် မိမိနဲ့ သပ်ရပ်လှပတဲ့ Con Movie တွေကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ သက်တမ်းတစ်လျှောက် မဖြစ်မနေ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်။ File size… 2.92 GB / 1.57 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 9m Genre ..... Comedy, Crime, Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း