ဇာတ်ကားများ ရွေးရန်

True Memoirs of an International Assassin

2016ဇာတ်ကားအမှတ် 5.7/1098 မိနစ်

ဆမ်က ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ကိုယ်တွေ့အတွေ့အကြုံပုံစံနဲ့ ဝတ္ထုရေးထားပြီး စာအုပ်ထုတ်ဝေခွင့်ရဖို့ ကြိုးစားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကြေးစားလူသတ်သမားတွေအကြောင်း အသေးစိတ်လေ့လာပြီး သဘာဝကျကျ ရေးထားတဲ့ သူ့ဝတ္ထုကို အင်တာနက်ပေါ်မှာ ဖြစ်ရပ်မှန်အဖြစ် မှားယွင်းတင်မိသွားပါတယ်။ အဲဒီကနေ ဗင်နီဇွဲလားနိုင်ငံက တော်လှန်ရေးအဖွဲ့တွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံရပြီး ဗင်နီဇွဲလားသမ္မတကို လုပ်ကြံဖို့ စေခိုင်းခံရတော့တယ်။ စစ်အာဏာရှင်တွေ၊ မူးယစ်လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ပြည့်နေတဲ့ နိုင်ငံမှာ ဆမ်က အသက်ရှင်လျက် အိမ်ပြန်ရဖို့ ကြိုးစားရပါတယ်။ Kevin James အဓိကပါဝင်ထားတဲ့ အက်ရှင်ဟာသကားဖြစ်ပြီး စစ်အာဏာရှင်တွေကို လှောင်ပြောင်သရော်ထားတာပါ။

ဇာတ်လမ်းအကြောင်း