The Stories
The Stories (2025) ဒါရိုက်တာ Abu Bakr Shawky ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့ သူ့မိဘတွေရဲ့ အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး၊ ခေတ်ကာလတစ်ခုရဲ့ အပြောင်းအလဲ၊ မိသားစုရဲ့ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ ရိုးသားတဲ့ မေတ္တာတရားတွေကို ခံစားရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ် "၁၉၆၇ ခုနှစ်၊ အီဂျစ်နိုင်ငံရဲ့ နွေရာသီကာလ..." စစ်မက်အန္တရာယ်တွေ ခြိမ်းခြောက်နေတဲ့အချိန်မှာ လူငယ်လေး "အာမက်"တစ်ယောက် ဩစတြီးယားနိုင်ငံက လိပ်စာတစ်ခုကို စာစောင်မီဒီယာကနေတဆင့် စာရေးသားဆက်သွယ်ခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ ဩစတြီးယားသူလေး "လစ်" ဆီကနေ ပြန်စာရောက်လာခဲ့ပြီး သူတိုနှစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ စာ ဆက်သွယ်မှုကနေ စတင်တဲ့ ရေရှည်ခရီးလမ်းနဲ့ ခင်မင်ရင်းနှီးမှုတွေ ပေါ်ပေါက်လာပါတော့တယ် ဒါပေမဲ့ သူတိုရဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ ချိတ်ဆက်မှုကို အာမက်ရဲ့ မိသားစုဝင်တွေက သံသယမျက်လုံးတွေနဲ့ ကြည့်ခဲ့ကြပါတယ် နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးလာပြီး စစ်ပွဲတွေ ဖြစ်လာတဲ့အခါမှာတော့ သူတိုရဲ့ ပုံမှန်ဘဝတွေနဲ့ အိပ်မက်တွေပါ ရိုက်ခတ်လာပြန်တော့တယ် ပီယာနိုတီးခတ်ဖို ရူးသွပ်တဲ့ အာမက်တစ်ယောက် ဒီလိုခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဝေးကွာနေတဲ့ သူတိုနှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဆက်သွားမလဲဆိုတာကို.... လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးရာ ဇာတ်ကြောင်းကနေတစ်ဆင့် တစ်ခေတ်တစ်ခါက နိုင်ငံတစ်ခုရဲ့ ဖြစ်ရပ်တွေကိုပါ ပြန်ပြောင်းမြင်ယောင်စေမယ့် ခရီးလမ်းတစ်ခုအဖြစ် ရှုစားရမှာပါ
ဇာတ်လမ်းအကြောင်း