Haunted Universities 4
ထိုင်းသရဲကား ပရိသတ်တွေအတွက် တက္ကသိုလ်ကျောင်းတော်ဝန်းတွေဆီက ကြက်သီးထစရာ ခြောက်ခြောက်ခြားခြား ဒဏ္ဍာရီတွေကို ပြန်လည်ယူဆောင်လာတဲ့ Haunted Universities 4 (2026) ဇာတ်ကားသစ်ကြီး ထွက်ရှိလို့လာပါပြီ။ Haunted Universities Franchise ရဲ့ အရှေ့ကားတွေဖြစ်တဲ့ Part 1, 2 နဲ့ မနှစ်ကမှထွက်ထားတဲ့ Part 3 တုန်းက ထိုင်းတက္ကသိုလ်အသီးသီးမှာဖြစ်ခဲ့တဲ့ ကျောချမ်းစရာ ခြောက်လှန့်မှုတွေ၊ ပရလောက ဒဏ္ဍာရီတွေကို အသည်းတယားယားနဲ့ ကြည့်ခဲ့ရတာ မှတ်မိကြဦးမှာပါ။ အခု Part 4 မှာတော့ အရင်ကားတွေထက် ပိုပြီး ဆန်းသစ်၊ ပိုပြီး ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ အဆင့်မြှင့်တင်ပြီး ပြန်လာတာပါ။ Haunted uni 4 ကလည်း ရှေ့ ၃ ကားလိုပဲ anthology horror ပုံစံနဲ့ပဲ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄ ခုဖြစ်တဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းက တက္ကသိုလ် ၄ ခုမှာ ဖြစ်ပျက်ခဲ့တဲ့ မတူညီတဲ့ သွေးပျက်စရာ ဇာတ်လမ်း ၄ ပုဒ်ကို တစုတစည်းတည်း တင်ဆက်ထားတာပါ။ စာမေးပွဲဖိအားတွေကြားက ကျောင်းသားတွေ၊ မကျွတ်လွတ်သေးတဲ့ ဝိညာဉ်တွေနဲ့ နယ်မြေအလိုက် မတူညီတဲ့ ရိုးရာအယူအဆတွေကို အခြေခံထားတဲ့ ကျိန်စာတွေက ဘယ်လို ဒုက္ခပေးမလဲ... တစ်ခါတလေ ကိုယ့်ဘေးနားမှာ အတူတူ ထိုင်နေကျ သူငယ်ချင်းက "လူအစစ်" မှ ဟုတ်ရဲ့လား... ကျောင်းဆောင်ဟောင်းတွေ၊ ရေချိုးခန်းတွေနဲ့ လူသူကင်းမဲ့နေတဲ့ ညဘက် တက္ကသိုလ်လမ်းသွယ်လေးတွေမှာ ဘာတွေ ပုန်းကွယ်နေမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကြီး မင်းသား Kao Jirayu, 4EVE အဖွဲက Jorin Khumpiraphan တိုအပြင် Puntita Boonchuan နဲ့ Tad Atlas တို့လို လူငယ်သရုပ်ဆောင်တွေက အဓိကပါဝင်အားဖြည့်ထားပါတယ်။ အရင်ကားတွေလိုပဲ Jump Scare တွေ၊ သွေးပျက်စရာ Vibe တွေနဲ့ ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်မာမာ တည်ဆောက်ထားတာမို့ "ကျောင်းမှာ ညဘက် စာကျက်ရင်း အထီးကျန်လို့ အဖော်လိုချင်နေတဲ့" ဘော်ဒါတွေ ရှိရင် ဒီကားလေးကို အမြန်ဆုံး မန်းရှင်းခေါ်ပြီးသာ အတူတူ ကြည့်ရှုခံစားလိုက်ကြပါတော့နော်။
ဇာတ်လမ်းအကြောင်း