ဇာတ်ကားများ ရွေးရန်

Love or Lie

2025ဇာတ်ကားအမှတ် 5.0/10115 မိနစ်

"စုံထောက်ရူးလေးနှစ်ယောက် တွေ့ဆုံကြရာဝယ်" ထိုင်း Rom-Com ဟာသကားကောင်းကောင်းလေး မျှော်နေတဲ့ ဘော်ဒါတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင်ရယ်ရမဲ့ ဇာတ်ကားသစ်လေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာ အဓိကအနေနဲ့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ Nont Sadanont နဲ့ Toon Phatdarinh တို့က ခေါင်းဆောင်ပါဝင်ထားတာမို့ ဓာတုဗေဒမိမိနဲ့ အလွဲတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ ဘဝမှာ ကံဆိုးမိုးမှောင်ကျနေပြီး လုပ်သမျှ တလွဲတွေချည်းဖြစ်နေတဲ့ စုံထောက်ပေါက်စလေးတစ်ယောက်... အမှုတစ်ခုကို လိုက်ရင်းနဲ့ ဈေးထဲက စပ်စုတတ်တဲ့ ဈေးသည်ကောင်မလေး "ပန်" နဲ့ အမှတ်မထင် ဆုံတွေ့ရာကနေ ဇာတ်လမ်းစတာပါပဲ။ ပန်ဆိုတဲ့ ကောင်မလေးကလည်း ရိုးရိုးဈေးသည်မဟုတ်ဘဲ ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ အဒေါ်ကြီးတွေဆီကနေ သတင်းနှိုက်တဲ့ပညာကို အမွေရထားတဲ့သူဆိုတော့ စုံထောက်ထက်တောင် သတင်းပိုဦးနေတတ်သူပေါ့။ သူတို့နှစ်ယောက် မတည့်အတူနေ ပေါင်းမိသွားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုကို အတူတူ လိုက်ဖော်ထုတ်ကြတဲ့အခါ... ဖော်ထုတ်ရမဲ့ အမှုက ရိုးရိုးအမှုမဟုတ်ဘဲ အချစ်ရေး၊ အရှုပ်တော်ပုံတွေနဲ့ ဆက်စပ်နေတဲ့အခါမှာတော့ ဘယ်လို ဗရုတ်သုတ်ခတွေ ဆက်ဖြစ်ကြမလဲ။ စုံထောက်လုပ်ချင်တဲ့ ကောင်လေးနဲ့ စပ်စုချင်တဲ့ ဈေးသည်မလေးတို့ရဲ့ အလွဲလွဲအချော်ချော် အမှုလိုက်ပုံတွေကြားကနေ မေတ္တာမျှသွားကြမလား... လိမ်ညာမှုတွေကြားမှာပဲ ဇာတ်လမ်းလေးက ဘယ်လို အဆုံးသတ်မလဲဆိုတာ ရယ်မောရင်း ရှုစားရမှာပါ။ Rom-Com အမျိုးအစားပီပီ ဖိစီးမှုတွေပြေပျောက်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောချင်သူတွေအတွက်တော့ ကွက်တိဖြစ်မဲ့ ဟာသဇာတ်ကားလေးဖြစ်လို ခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

ဇာတ်လမ်းအကြောင်း