Cha Cha Real Smooth
အန်ဒရူးဟာ ကောလိပ်ကျောင်းပြီးကာစ လူငယ်တစ်ယောက်ပါ။ လူတွေနဲ့ ဆက်ဆံရေးပြေပြစ်ပြီး အကူအညီပေးတတ်ပေမယ့် သူ့ဘဝကိုတော့ အားမရဖြစ်နေတယ်။ ကျောင်းပြီးသွားတဲ့အပေါ် စိတ်ပျက်နေသလို လက်ရှိအလုပ်အကိုင် မကောင်းတဲ့အခြေအနေကနေလည်း ရုန်းထွက်ချင်နေပါတယ်။ ပိုက်ဆံစုမိတာနဲ့ သူ့ကောင်မလေး ပြောင်းသွားတဲ့ ဘာစီလိုနာကို လိုက်သွားဖို့ ကြံထားတယ်။ ပါတီပွဲတစ်ခုမှာ ဒိုမီနိုနဲ့ အော်တစ်ဇင်ရှိတဲ့ သူ့သမီးလေး လိုလာတို့ကို တွေ့မိရာက အန်ဒရူးရဲ့အမြင်တွေ ပြောင်းလဲလာဖို့ အကြောင်းဖန်လာပါတယ်။ ကူညီတတ်ပြီး ဖော်ရွေတဲ့ သူ့အကျင့်ကြောင့် သားအမိနှစ်ယောက်နဲ့ အလျင်အမြန် ခင်မင်သွားတယ်။ သမီးလေးရဲ့အခြေအနေကြောင့် တခြားသူတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေမှုတွေရှိနေတဲ့ ဒိုမီနိုအတွက် အန်ဒရူးရဲ့ နွေးထွေးမှုက သံယောဇဉ်ဖြစ်လာစေပါတယ်။ နှစ်ယောက်ကြားမှာ သံယောဇဉ်တွယ်လာပေမယ့် ဒီဆက်ဆံရေးကို ရှေ့ဆက်သင့်မသင့်ဆိုတဲ့ စိတ်လွန်ဆွဲမှုလည်း ရှိလာတယ်။ အချစ်နဲ့ ဘဝအခြေအနေတို့ အမြဲတမ်း တစ်ထပ်တည်းကျနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို အန်ဒရူးနဲ့ ဒိုမီနိုတို့ရဲ့အကြောင်းကနေ ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း