Project Baby
Project Baby (2026) ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ Regal Entertainment ရဲ့ "Project Baby" ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် "ဆန်ဒီ"ကတော့ အလုပ်အကိုင်မှာ အောင်မြင်နေတဲ့ ကြော်ငြာလုပ်ငန်း အမှုဆောင်တစ်ယောက်ပါ ဒါပေမဲ့ သူ့ရဲ့ ဘဝမှာ အိမ်ထောင်မပြုဘဲ ကလေးလိုချင်နေပြီး အမေတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒ ပြင်းပြနေတာပါ သူ့ဆန္ဒ ဖြစ်လာဖိုအတွက် အသက် ၃၂ပြည့်မွေးနေ့မှာ ပရောဂျက်တစ်ခု ကိုယ်တိုင်ရေးဆွဲထားခဲ့ပါတယ် ဒီလိုနဲ့ သူ့ရဲ့ ပရောဂျက် အကောင်အထည်ပေါ်လာဖိုအတွက် အကောင်းဆုံးနဲ့ သင့်တော်မယ့် လူတစ်ယောက်ကို ရှာဖွေတဲ့အခါမှာတော့ ထူးဆန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းနဲ့အတူ "မီဂို" ဆိုတဲ့ ပန်းချီဆရာ တစ်ယောက်နဲ့ ဆုံတွေ့လာခဲ့ပါတယ် မီဂို မှာလည်း သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်၊ စိတ် ဒဏ်ရာတွေနဲ့ ရှုပ်ထွေးတဲ့ အတိတ်တွေ ရှိနေသူတစ်ယောက် ဖြစ်ပြီး အချစ်နဲ့ မိသားစုဘဝအပေါ် မတူညီတဲ့ အမြင်တွေ ရှိထားသူပါ တစ်ဖက်မှာ ကလေးလိုချင်ပေမယ့် အိမ်ထောင်ရေးပုံစံကို မလိုလားတဲ့ ဆန်ဒီ နဲ့ တစ်ဖက်မှာလည်း မမျှော်လင့်ထားတဲ့ ခံစားချက်တွေ ဝင်ရောက်လာတဲ့အခါ.... သူတိုနှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေ ဘယ်လို လွဲချော်လာမလဲ... ဆန်ဒီရဲ့ ကလေးလိုချင်တဲ့ ပရောဂျက်က တကယ်ဖြစ်လာမှာလား... အချစ်နဲ့ တာဝန်ဝတ္တရားတွေကြားမှာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတာကို နှလုံးသားကို ထိရှစေမယ့် အလှည့်အပြောင်းတွေနဲ့ ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတာပါ ပေါ့ပေါ့ပါးပါးနဲ့ အဓိပ္ပာယ်ရှိတဲ့ အချစ်ဟာသဇာတ်ကားကောင်း တစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုဖို လက်မလွှတ်သင့်ပါဘူးနော်
ဇာတ်လမ်းအကြောင်း