ဇာတ်ကားများ ရွေးရန်

Sleep No More

2026ဇာတ်ကားအမှတ် 7.2/1096 မိနစ်

Sleep No More (2026) ဒီဇာတ်ကားလေးကတော့ ရှယ်ကြမ်းတဲ့ အင်ဒိုနီးရှား သရဲကားဖြစ်ပြီးတော့ Body Horror ဇာတ်ဝင်ခန်းတွေ အများကြီး ပါဝင်တာမို့ ရင်တုန်ပန်းတုန် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပူထရီနဲ့ အီဒါတို့ ညီအစ်မဟာ သူတို့အမေ ကိုယ့်ကိုကိုယ် သတ်သေသွားကြောင်း သိလိုက်ရတဲ့အတွက် သူတို့အမေ အလုပ်လုပ်ခဲ့တဲ့ ပလတ်စတစ်လူရုပ်တွေ ထုတ်လုပ်တဲ့စက်ရုံကို လိုက်သွားခဲ့ပါတယ်။ စက်ရုံပိုင်ရှင်က သူတို့အမေက စက်ရုံမှာ အကြွေးတွေ အများကြီးယူထားကြောင်း၊ အဲဒီအကြွေးတွေကို ဆပ်ဖို့ အချိန်ပိုဆက်တိုက်ဆင်းရင်းကနေ အခုလို သတ်သေသွားတာ ဖြစ်ကြောင်း ရှင်းပြပြီး သူတို့အမေရဲ့ အကြွေးတွေကို သမီးတွေက ဆက်ဆပ်ရမယ်ဆိုပြီး အကြွေးတောင်းပါတော့တယ်။ ဒါကြောင့် သူတို့ ညီအစ်မဟာ အဲဒီစက်ရုံမှာ သူတို့အမေရဲ့ အကြွေးကို ဆပ်ဖို့အတွက် အလုပ်ဝင်လုပ်ဖို့ အကြောင်းဖန်လာရပါတော့တယ်။ ဒီလိုနဲ့ သူတို့ ညီအစ်မဟာ အဲဒီစက်ရုံမှာ အလုပ်လုပ်နေရင်း မူမမှန်တာတွေကို မြင်တွေ့လာရပြီး ဒီလိုဖြစ်ရပ်တွေက သူတို့အမေဆီမှာပဲ ဖြစ်သွားတာမျိုး မဟုတ်ကြောင်း သိရှိလာရပါတော့တယ်။ ဒီတော့ အဲဒီစက်ရုံမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေလဲ၊ သူတို့အမေကရော ကိုယ့်ကိုကိုယ် သတ်သေသွားတာ ဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း