ဇာတ်ကားများ ရွေးရန်

Crooked Miles

2026ဇာတ်ကားအမှတ် 6.0/10

Crooked Miles (2026) ဒီဇာတ်ကားကတော့ ဘဝမှာ နည်းလမ်းအမျိုးမျိုးနဲ့ ရုန်းကန်နေရပြီး တက်လမ်းဆို့နေတဲ့ သာမန်လူတွေရဲ့ ဘဝကို ပြသထားတာဖြစ်ပါတယ်။ အဲဒီလို မျှော်လင့်ချက်ကင်းမဲ့နေချိန်မှာပဲ သူတို့ဆီကို လျှို့ဝှက်ဆန်းကြယ်တဲ့ ကျမ်းစာအုပ်နဲ့ မှော်လက်ဆောင်တစ်ခု ရောက်ရှိလာပါတယ်။ အဲဒီလက်ဆောင်ဟာ လူတွေရဲ့ ရင်ထဲမှာ တောင့်တနေတဲ့ ဆန္ဒမှန်သမျှကို ချက်ချင်းဆိုသလို အကောင်အထည်ဖော်ပေးနိုင်စွမ်း ရှိပါတယ်။ အစပိုင်းမှာတော့ လိုချင်တာတွေ အလွယ်တကူ ရလာတဲ့အတွက် သူတို့ရဲ့ ဆင်းရဲဒုက္ခတွေ ပြေလည်သွားတယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ "အလွယ်တကူရလာတဲ့ ဆန္ဒတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရတယ်" ဆိုတဲ့ အတိုင်းပါပဲ... တဖြည်းဖြည်းနဲ့ အဲဒီမှော်စွမ်းအားရဲ့ နောက်ကွယ်က အမှောင်တရားက သူတို့ရဲ့ ဝိညာဉ်တွေကို သိမ်းဆည်းလာပါတော့တယ်။ လူတွေရဲ့ လောဘနဲ့ အတ္တတွေက အစွန်းရောက်လာတဲ့အခါမှာတော့ လူ့အသိစိတ်တွေ ပျောက်ဆုံးကုန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဘီလူးဆိုး တွေအဖြစ် ပြောင်းလဲသွားကြပါတော့တယ်။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းမှားနဲ့ ကျိန်စာတိုက်ထားတဲ့ ကံကြမ္မာဆိုးကြီးထဲကနေ သူတို့ ဘယ်လို ဆက်ပြီး ရုန်းကန်ကြရမလဲဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမယ့် ဇာတ်ကား ဖြစ်ပါတယ်......... File Size - 1.3 GB/ 461 MB Quality - WEB-DL 1080p/ 720p Duration - 1h 30m Format - mp4 Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း