ဇာတ်ကားများ ရွေးရန်

Kuniko's Story

2026ဇာတ်ကားအမှတ် 6.4/10115 မိနစ်

Kuniko's Story (2026) ဒီဇာတ်ကားက ထူးခြားဆန်းကြယ်တဲ့အရာတွေကို မှတ်တမ်းတင်ရိုက်ကူးတဲ့ ကုမ္ပဏီတစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းကို အခြေခံထားတဲ့ ဂျပန်သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ထူးဆန်းထွေလာနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို မှတ်တမ်းတင်ရိုက်ကူးတဲ့ ကုမ္ပဏီတစ်ခုထဲကို အမျိုးသမီးတစ်ဦးက ဓားကိုင် ဝင်ရောက်စီးနင်းတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဒီအဖြစ်အပျက်က‌နေ ဝန်ထမ်းတစ်ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့ပြီး သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က "လူသားမျိုးနွယ်ကို ကယ်တင်ဖို့" ပါတဲ့။ လူသားမျိုးနွယ် တစ်စခန်းထွက် ပျက်သုဉ်းသွားမဲ့ အန္တရာယ်က‌နေ ကာကွယ်ဖို့အတွက် သီးသန့်ဗီဒီယိုဖိုင်တစ်ခုကို သင့်တော်မဲ့နေရာဆီ ပြန်မပို့ရင် ကမ္ဘာကြီး ပျက်စီးလိမ့်မယ်ဆိုတဲ့ ကြောက်မက်ဖွယ် ကြံစည်ဖန်တီးထားတဲ့ လျှို့ဝှက်သီအိုရီ တစ်ရပ်ကို သူက အပြင်းအထန် ယုံကြည်လက်ခံထားသူ ဖြစ်နေပါတယ်။ ရိုက်ကူးရေးအဖွဲ့ဟာ အဲဒီ ဗီဒီယိုဖိုင် တင်ခဲ့တဲ့သူကို လိုက်လံစုံစမ်းရင်း တခြားအမှုတွေနဲ့ ဆက်စပ်နေတာကိုလည်း တစ်စတစ်စ တွေ့ရှိလာရပါတယ်။ ဒီဇာတ်ကားဟာ ပုံမှန်သည်းထိတ်ရင်ဖိုကားတွေကို ငြီးငွေ့ပြီး .. ဆန်းသစ်တဲ့ Horror ကားမျိုး ကြည့်ချင်တဲ့လူတွေအတွက်တော့ ဇာတ်ကားကောင်းဖြစ်မှာ အသေအချာပါပဲ .. ။ File size…1.66GB / 807MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း