ဇာတ်ကားများ ရွေးရန်

Sharmaji Namkeen

2022ဇာတ်ကားအမှတ် 6.6/10119 မိနစ်

B.G. Sharma ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးနောက် အိမ်မှာ ဘာလုပ်ရမှန်းမသိဘဲ အချိန်ကုန်နေရတာကို အားမရဖြစ်နေပါတယ်။ ဒါကြောင့် သူဝါသနာပါတဲ့ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် လုပ်လာတယ်။ မီးဖိုချောင်ထဲမှာ အချိန်ပေးပြီး ချက်ပြုတ်နေတဲ့ သူ့လက်ရာကို စားဖူးသူတွေကလည်း သဘောကျကြပါတယ်။ တစ်နေ့မှာ သူငယ်ချင်း Chadda က ဘာသာရေးပွဲတစ်ခုမှာ ဟင်းချက်ပေးရမယ်ဆိုပြီး ခေါ်သွားပေမယ့် ရောက်သွားတဲ့နေရာက အမျိုးသမီးတစ်ဖွဲ့ရဲ့ ရန်ပုံငွေပါတီပွဲ ဖြစ်နေတယ်။ အဲဒီအမျိုးသမီးတွေက Sharma ရဲ့ လက်ရာကို ကြိုက်သွားကြပြီး သူတို့ရဲ့ ပါတီပွဲတွေမှာ ပင်တိုင်ချက်ပေးတဲ့ စားဖိုမှူး ဖြစ်လာပါတယ်။ Sharma ကတော့ ပါတီပွဲတွေမှာ ဟင်းလိုက်ချက်နေတဲ့အကြောင်းကို သားတွေမသိအောင် ဖုံးထားတယ်။ သားတွေ သိသွားတဲ့အခါ သားဖြစ်သူရဲ့ ကန့်ကွက်မှုနဲ့ ပတ်ဝန်းကျင်အမြင်တွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဝါသနာပါတဲ့ ဟင်းချက်အလုပ်ကို ဆက်လုပ်နိုင်ဦးမလားဆိုတာကို ပြထားပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ မူလက Ranbir Kapoor ရဲ့ဖခင် Rishi Kapoor ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ရိုက်ကူးနေဆဲမှာ သူကွယ်လွန်သွားတဲ့အတွက် Oh My God မှာ ပါဝင်ခဲ့တဲ့ Paresh Rawal က အဲဒီဇာတ်ကောင်နေရာကို အစားထိုးသရုပ်ဆောင်ပေးခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း