The Honest Realtor MINERVA Special
The Honest Realtor MINERVA Special (2025) ဒီဇာတ်ကားလေးကတော့ စီးပွားရေးလုပ်ငန်းနောက်ခံ Drama-Comedy ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်ဖို့အတွက် တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အလုပ်နဲ့ပတ်သက်တဲ့ ခံယူချက်သဘောထားတွေနဲ့ လုပ်ငန်းလုပ်ဟန်တွေ၊ လူ့လောကနယ်ပယ်က အရှိတရားနဲ့တာဝန်ကို ထင်ရှားပေါ်လွင်အောင် သရုပ်ဖော်ပေးထားပါတယ်။ မီနဲရူဗာအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီရဲ့ တာချီကာဝါဆိုင်ခွဲ မန်နေဂျာ ခါမိကီ ရယိုမာ (Dean Fujioka)ဟာ နံပါတ်တစ်အရောင်းဝန်ထမ်းအနေနဲ့ ကြာရှည်စွာ ရပ်တည်နေသူဖြစ်ပါတယ်။ သူ့လက်အောက်မှာတော့ ဟာနာဇာဝါ (Kurashina Kana) ဆိုတဲ့ ထက်မြက်တဲ့ စီနီယာဝန်ထမ်းရှိပါတယ်။ မန်နေဂျာ ခါမိကီက လူမနေတဲ့အိမ်တွေကို ဈေးနှိမ်ပြီး ဝယ်နိုင်အောင် ဥပဒေကို လက်တစ်လုံးခြားလုပ် နည်းမျိုးစုံသုံးပြီး အရောင်းအဝယ်ဖြစ်အောင်လုပ်နိုင်ခဲ့သူပါ။ ဟာနာဇာဝါကတော့ နည်းလမ်းတကျနဲ့ဝယ်သူအတွက်အကျိုးအမြတ်ကိုပါ ထည့်တွက်ပြီး လုပ်ပေးနိုင်သူပါ။ ဥက္ကဋ္ဌက အလုပ်သင်သင်တန်းသားအဖြစ် ယူကီနို (Mikami Ai)နဲ့ ဟယိုဒို (Nishigaki Sho)တို့ကို ခါမိကီ မန်နေဂျာလုပ်နေတဲ့ တာချီကာဝါဆိုင်ခွဲကို စေလွှတ်ခဲ့ပါတယ်။ တာချီကာဝါနဲ့အပြိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကတော့ အိုအူခယူအိမ်ခြံမြေရောင်းဝယ်ရေးရဲ့ ဆူဂီနာမီစင်တာဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းနှစ်ခုဟာ ဆူကဟာရာရဲ့ဖခင်အိမ်ကို ဝယ်ယူနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားလာကြပါတယ်။ အဲဒီအချိန်မှာ ခါမိကီက လူမနေတဲ့အိမ်တစ်အိမ်ကို အချိန်အတော်ကြာအောင် မရောင်းနိုင်ဘဲရှိနေပြီး နံပါတ်တစ်အရောင်းဝန်ထမ်းဘဝက ပြုတ်ကျလုနီးနီးဖြစ်နေပါတယ်။ ခါမိကီ မရောင်းချနိုင်တဲ့အိမ်က ဘယ်လိုရာဇဝင်တွေ ရှိနေတာလဲ... အဲဒီအိမ်အရောင်းအဝယ်ဖြစ်အောင် ဘယ်သူက စည်းရုံးနိုင်မှာလဲ... ဆူကဟာရာရဲ့အဖေအိမ် ရောင်းထွက်အောင် ဘယ်အိမ်ခြံမြေအကျိုးဆောင်က စည်းရုံးနိုင်မှာလဲဆိုတာ... File size…1.60GB / 763MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 29 min. Genre ….. Business, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း