Winter and Summer
ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ အော်တစ်ဇင် (Autism) ကလေးငယ်လေးကို ပြုစုပျိုးထောင်ရင်း ဘဝရဲ့အခက်အခဲတွေကို အရှုံးမပေးဘဲ ရင်ဆိုင်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာဖွဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးမှာ 'ချိုက်ရှီဟယ်' ဆိုတဲ့ ကလေးလေးဟာ မွေးကတည်းက တစ်ခါမှ မရယ်ဖူးခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်တစ်ဇင်ဖြစ်နေမှန်း သိလိုက်ရပေမဲ့ တခြားကလေးတွေနဲ့မတူဘဲ အမြဲတမ်း မျက်နှာသေလေးဖြစ်နေတဲ့ သားလေးကို ရယ်ပြုံးလာအောင် ဖခင်ဖြစ်သူ 'ချိုက်ချွန်းကျူး' က အမြဲကြိုးစားနေခဲ့ပါတယ်။ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ဇနီးသည်နဲ့ ကွာရှင်းခဲ့ရပြီးနောက် သားလေးကို အစစအရာရာ ပြည့်စုံစေချင်တဲ့ ဖခင်ဟာ "အရှေ့တိုင်းဒူဘိုင်း ကျွန်းတုစီမံကိန်း" မှာ သူ့ဆီရှိသမျှ နှစ်နှစ်ကြာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အစိုးရရဲ့ ဆိပ်ကမ်းစီမံကိန်းကြီးသာ အကောင်အထည်ပေါ်လာရင် အငှားယာဉ်မောင်းဘဝကနေ ကျွတ်လွတ်ပြီး သားလေးကို ချမ်းချမ်းသာသာ ထားနိုင်တော့မယ်လို့ သူယုံကြည်ထားခဲ့တာပေါ့။ သားလေး ရှီဟယ် အချစ်ဆုံးအရာကတော့ ငယ်ငယ်က မိသားစုစုံစုံလင်လင်နဲ့ သွားကြည့်ခဲ့ဖူးတဲ့ သမုဒ္ဒရာဥယျာဉ်က ဝေလငါးကြီးပါပဲ။ ဘာပဲလုပ်ခိုင်းလုပ်ခိုင်း ဝေလငါးအရုပ်လေးနဲ့ ချော့မှလုပ်တဲ့ သားလေးအတွက်၊ စီမံကိန်းကြီး အတည်ဖြစ်ပြီဆိုတဲ့ သတင်းကြားကြားချင်းမှာပဲ သားအဖနှစ်ယောက် ဝေလငါးသွားကြည့်ဖို့ ခရီးထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သူတို့ဘက်မှာ မရှိခဲ့ပါဘူး။ သူတို့ရောက်သွားချိန်မှာ ဝေလငါးကြီးက သေဆုံးသွားခဲ့ပြီဖြစ်သလို၊ သူပုံအောထားတဲ့ စီမံကိန်းကြီးကလည်း စာရွက်ပေါ်မှာပဲရှိတဲ့ လိမ်လည်မှုကြီးမှန်း သိလိုက်ရပါတယ်။ ဒီလို ဘဝကြီးတစ်ခုလုံး ပြိုကျသွားလောက်တဲ့ အခြေအနေမှာတောင် ဖခင်ဖြစ်သူဟာ အော်ဟစ်ငိုကြွေးတာမျိုးမလုပ်ဘဲ သားလေးပြုံးဖို့အတွက် ဝေလငါးကို မရရအောင် ဆက်ရှာပေးနေခဲ့တာက တကယ့်ကို ရင်ထဲထိစရာကောင်းလှပါတယ်။ ငွေကြေးတွေ၊ ဝေလငါးတွေထက် သားလေး တကယ်လိုအပ်နေတာက ဖခင်ရဲ့ နွေးထွေးတဲ့ အတူရှိပေးမှုဆိုတာကို သိမ်သိမ်မွေ့မွေ့လေး ရိုက်ပြသွားတဲ့ ဇာတ်ကားလေးပါ။ ဘဝအမောတွေကြားကနေ သားအဖနှစ်ယောက်ရဲ့ ခရီးစဉ်လေးကို ကြည်နူးဖွယ်၊ ရယ်မောဖွယ် ကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Filesize : 1.64 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း