ဇာတ်ကားများ ရွေးရန်

New Group

2026ဇာတ်ကား82 မိနစ်

အထက်တန်းကျောင်းသူလေး အိုင် ဟာ ဂျပန်လူ့အဖွဲ့အစည်းရဲ့ အများနဲ့ တစ်သဘောတည်း လိုက်လျောညီထွေ နေထိုင်ရမယ့် ဖိအားတွေကြားမှာ အသက်ရှူမဝလောက်အောင် မွန်းကျပ်နေရသူပါ။ ဒါပေမဲ့လည်း အများမိုးခါးရေသောက်ရင် လိုက်သောက်ရသလို စီးမျောနေတဲ့ ရေစီးကြောင်းကို တွန်းလှန်ဖို့ရာ သူမအတွက် အမြဲတမ်း ခက်ခဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ ကျောင်းထဲက လူတွေဟာ လူထပ်ပိရမစ် (Human Pyramid) ကြီးအဖြစ် ကိုယ်ခန္ဓာတွေကို ထူးဆန်းစွာ စတင်ဆင့်ထပ် တည်ဆောက်လာကြပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကပါ ထူးဆန်းစွာ ပြုမူလာပြီး ဒီလူထပ် အားကစားပြကွက်ကြီးထဲ အားလုံးပါဝင်ကြဖို့ တိုက်တွန်းလာကြပါတော့တယ်။ တဖြည်းဖြည်းနဲ့ အဲဒီလို လူခန္ဓာကိုယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးဆန်းထွေလာ အားကစားသရုပ်ဖော်မှုတွေဟာ ကျောင်းဝင်းထဲကနေတစ်ဆင့် မြို့တစ်မြို့လုံးဆီကို ကူးစက်ပြန့်ပွားပြီး အလုံးစုံ ဝါးမျိုသိမ်းပိုက်သွားပါတော့တယ်။ နောက်ဆုံးမှာတော့ အများနဲ့ သဟဇာတမဖြစ်ဘဲ အမြဲတမ်း သီးခြားဖြစ်နေတတ်တဲ့ ကျောင်းပြောင်း ကျောင်းသားသစ်လေး ယူ နဲ့ အိုင် တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး၊ မြို့တစ်ခုလုံးကို ဝါးမျိုသွားတဲ့ အုပ်စုလိုက် စိတ်ရူးသွပ်မှု ကြီးကို လက်တွဲကာ အသက်လု တွန်းလှန်တော်လှန်ရပါတော့တယ်...။ ဒီဇာတ်လမ်းကတော့ ဂျပန်ကျောင်းတွေမှာ နာမည်ကြီးတဲ့ Kumitaiso ဆိုတဲ့ လူထပ်ကာယစစ်တမ်း ကို အသုံးချပြီး "တစ်ယောက်မှ သီးခြားရပ်တည်လို့မရ၊ အားလုံး အတူတူ ပုံစံတူ လုပ်ရမည်" ဆိုတဲ့ ဂျပန်လူ့ဘောင်ရဲ့ တစ်သွေးတည်း တစ်သားတည်း ဖြစ်စေလိုသော စိတ်ရောဂါ ကို အရွဲ့တိုက် ရိုက်ကူးထားတဲ့ အလွန်စိတ်ဝင်စားဖွယ် Horror / Thriller လက်ရာ ဖြစ်ပါတယ်ခင်ဗျာ။ File size…    1.3 GB / 560 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 21m Genre ..... Japanese, Horror, Thriller

ဇာတ်လမ်းအကြောင်း