ဇာတ်ကားများ ရွေးရန်

Evil Eye (Aka) 'Ain

2026ဇာတ်ကားအမှတ် 5.0/10110 မိနစ်

Ain (2026) ဒီဇာတ်ကားလေးကတော့ ဘလော့ဂါတွေ၊ အင်ဖလူရန်ဇာတွေ၊ အွန်လိုင်းဆယ်လီတွေအတွက်တော့ ကြည့်ပြီးရင် ထရော်မာရစေမယ့် body horror လည်း ပါဝင်တဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွိုင်းဆိုတဲ့ကောင်မလေးဟာ အလှအပရေးရာ ဘလော့ဂါတစ်ယောက် ဖြစ်ပြီးတော့ သူမရဲ့ ဘဝ၊ အလှနှင့် ကောင်းချီးတွေကို လိုင်းပေါ်မှာ ခဏခဏ တက်ကြွယ်တတ်ပါတယ်။ သူမရဲ့ အလုပ်က ဘလော့ဂါဖြစ်တဲ့အတွက် အလုပ်သဘောအရ အလှကုန်ပစ္စည်းတွေ သုံးပြမယ်၊ အားလုံးစိတ်ဝင်စားအောင် ဆွယ်ရ ကြွယ်ရတာ ဖြစ်ပေမယ့် တစ်နေ့မှာတော့ သူမဟာ ခန္ဓာကိုယ်တစ်ခုလုံး ယားယံလာပြီး နာကျင်ကိုက်ခဲလာပါတယ်။ ဒါကြောင့် သူမရဲ့ သူငယ်ချင်းဖြစ်သူကို ပြောပြတော့ အဲဒါက နတ်ဆိုးမျက်လုံးနဲ့ အကြည့်ခံရတာဖြစ်နိုင်ကြောင်း၊ ကြည့်ရှုသူတွေထဲမှာ မနာလိုသူ၊ မုန်းတီးသူတွေ ပါလာပြီး ကိုယ့်ကို ကြည့်ပါများလာရင် မကောင်းတဲ့စွမ်းအင်တွေ စုလာပြီး နတ်ဆိုးမျက်လုံး ဖြစ်သွားနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဂျွိုင်းက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေလို့ ယုံကြည်နေပြီး ပုံမှန်အတိုင်း ပို့စ်တွေတင်၊ လိုက်ဗ်တွေ ဆက်လွင့်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဂျွိုင်း ခံစားနေရတဲ့ ယားယံမှုတွေ၊ နာကျင်မှုတွေက တဖြည်းဖြည်း ပိုတိုးလာပြီး ဆေးဘက်ဆိုင်ရာ အဖြေလည်း ရှာမတွေ့တဲ့အခါမှာတော့ သူမ ဘာဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1.8 GB) / (840 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:50:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း