ဇာတ်ကားများ ရွေးရန်

Garuda: Dare to Dream (aka) Garuda di Dadaku

2026ဇာတ်ကားအမှတ် 8.7/1078 မိနစ်

Garuda: Dare to Dream (2026) IMDb Rating (8.4) ဒီကာတွန်းဇာတ်လမ်းလေးကတော့ ဘောလုံးကစားရတာကို အရူးအမူးဝါသနာပါတဲ့ ပူထရာဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်အကြောင်းပါ။ ပူထရာ့ရဲ့ အကြီးမားဆုံး အိပ်မက်က အင်ဒိုနီးရှား ယူသျှပ် (Youth) လက်ရွေးစင်အသင်းမှာ ဝင်ကစားဖို့ပါ။ ဒါပေမဲ့ သူ့မှာ ပန်းနာရင်ကြပ် ရောဂါအပြင်းအထန်ရှိနေတော့ ရေရှည်မပြေးနိုင်ပါဘူး။ အဲဒါကြောင့် ဘောလုံးသင်တန်းကျောင်းတွေရဲ့ လူရွေးပွဲမှာ အမြဲတမ်းပယ်ချခံရပြီး သူငယ်ချင်းတွေရဲ့ လှောင်ပြောင်တာကိုလည်း ခံရပါတယ်။ တစ်ရက်တော့ သူ စိတ်ဓာတ်ကျနေတုန်းမှာ ဂဠုန်ငှက်ဆန်းလေး ဂါဂါ နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပါတယ်။ ဂါဂါက ပူထရာ့ကို ထူးဆန်းတဲ့ မှော်ဘောလုံးအင်္ကျီတစ်ထည် လက်ဆောင်ပေးခဲ့ပြီး အဲဒီအင်္ကျီက သူ့ကို ကွင်းထဲမှာ မယုံနိုင်စရာကောင်းတဲ့ စွမ်းရည်တွေ ခေတ္တပိုင်ဆိုင်စေခဲ့ပါတယ်။ ဒီခရီးလမ်းမှာ ပူထရာ့အတွက် နောက်ထပ် အားကိုးရတဲ့သူကတော့ နည်းပြရဲ့သမီးဖြစ်ပြီး ဘောလုံးအရမ်းတော်တဲ့ နာယာ ဆိုတဲ့ မိန်းကလေးပါ။ နာယာက ပူထရာ့ကို နည်းစနစ်တကျ ဘောလုံးကစားတတ်အောင် ကူညီသင်ပေးပြီး စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ပူထရာတစ်ယောက် မှော်အင်္ကျီရဲ့အစွမ်းနဲ့ အောင်မြင်မှုတွေ ရလာပေမဲ့ တစ်ဖက်မှာလည်း သူ့ရဲ့ကျန်းမာရေးပြဿနာက ရှိနေတုန်းပါ။ သူက မှော်အစွမ်းကိုပဲ အမြဲအားကိုးနေလို မရဘူးဆိုတာကို သဘောပေါက်လာတဲ့အချိန်မှာ... သူ့ရဲ့ ရောဂါဝေဒနာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ၊ သူ့အိပ်မက်ကို ကိုယ်ပိုင်ကြိုးစားမှုနဲ့ ဘယ်လိုရှေ့ဆက်ဖော်ဆောင်မလဲဆိုတာကို ရင်ခုန်စရာ စောင့်ကြည့်ရမယ့် family , sports အန်နီမေးရှင်းဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File size… (1.5 GB) / (940 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Animation,Comedy,Drama,Family,Fantasy Duration…. 01:18:41 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း